Wednesday, July 11, 2012

Android OS စနစ်သုံး GSM ဟန်းဆက်

Ever November | 7/11/2012 12:42:00 PM | Best Blogger Tips

ပြည်တွင်းဈေးကွက်ထဲကို ဈေးနှုန်းကျပ်ခုနစ်သောင်းခုနစ်ထောင်ဝန်းကျင်နဲ့ GSM/WCDMA စနစ်သုံး Android 2.3.1 ဗားရှင်းပါ Cannone w 200 ဟန်းဆက်ဝင်ရောက်လာပါတယ်။ စကရင်က ၄ လက်မအရွယ် အစားရှိပြီး Multi Touch စနစ် အထောက်အပံ့ပေးတယ်လို့သိရပါတယ်။

Dual Sim ကတ် ထည့်သွင်းနိုင်ပါတယ်။ မြန်မာဖောင့်၊ Android application များ Android Game များထည့်သွင်းနိုင်မယ်လို့ သိရ ပါတယ်။ Camera က 3.0 MPရှိပါတယ်။ Front Camera လည်းပါဝင်လာတယ်လို့ သိရပါတယ်။ အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Bluetooth, Wifi စနစ်တွေ အထောက်အပံ့ပေးပါတယ်။ ဘက်ထရီ ၂ လုံးအပြင် ဟန်းဆက်ဝယ်ယူသူများအတွက် Memory 4G နဲ့ မှန်စတေကာ လက်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါဟန်းဆက်ကို MPT Mobile ဗိုလ်ဆွန်ပက်လမ်း၊ ဖုန်း-၀၁-၂၄၀၂၂၆ နှင့် အင်ကြင်းမိုဘိုင်း၊ ဖုန်း-၀၉- ၄၄၄၀၁၇၇၀ မှာ လက်လီလက်ကား ၀ယ်ယူနိုင်မယ်လို့သိရပါတယ်။ 
ရေးသားသူ -ကောင်းမြတ်ထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1