Wednesday, July 11, 2012

သြစတြေးလျကျောင်းသားဗီဇာ လျှောက်ထားရာတွင် နေထိုင်စရိတ်အတွက်တင်ပြရမည့် ငွေကြေးပမာဏတိုးမြှင့်သတ်မှတ် အတွဲ(၁၃) အမှတ်(၂၆)

Ever November | 7/11/2012 11:15:00 AM | Best Blogger Tips

အိုလံပစ်ဝန်းကြီးဟောင်း Mr.Knight ၏ ဒုတိယအဆင့်ကျောင်းသားဗီဇာ အပြောင်းအလဲများ ပြုလုပ်ရမည့် အစီအစဉ်အရ သြစတြေးလျကျောင်းသားဗီဇာ လျှောက်ထားရာတွင် နေထိုင်စရိတ်အတွက် တင်ပြရမည့် ငွေကြေးပမာဏကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ AUS$ 18000 မှ AUS$  18,610 သို့တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ပြည်တွင်းပညာရေး ၀န်ဆောင်မှုကုမ္ပဏီအချို့မှ သိရသည်။

“တိုးမြှင့်လိုက်တဲ့ ပမာဏကတော့ မများပါဘူး။ ဒါပေမဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို တင်ပြတဲ့အခါ လုံလောက်တဲ့ပမာဏတစ်ခုဖြစ်ဖို့အတွက် အခုတိုးမြှင့်လိုက်တဲ့ ပမာဏတွေကို သိထားဖို့လိုပါတယ်” ဟု CROWN Education မှပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်။ သြစတြေးလျနိုင်ငံတွင် ပညာသင်ယူရန်အတွက် ကျောင်းသားဗီဇာလျှောက်ထားရာတွင် ဘဏ္ဍာရေးနှင့်ပတ်သက်သည့် အချက်အလက်များ မှန်ကန်စွာတင်ပြရန် လိုအပ်သည့်အပြင် သတ်မှတ်ထားသော Assesssment Level အလိုက် လုံလောက်သည့် ငွေကြေးပမာဏကို တင်ပြရန်လိုအပ်ကြောင်းသိရသည်။ ထိုသို့တင်ပြရာတွင် ကျောင်းသူကျောင်းသားများလျှောက်ထားသည့် တက္ကသိုလ်အလိုက် ကျသင့်သည့်ကျောင်းလခနှင့် နေထိုင်စရိတ် ပေါ်တွင်မူတည်၍ တင်ပြရမည့်ငွေပမာဏအား တွက်ချက်လေ့ရှိရာ ဇူလိုင်လ ၁ ရက်မှစ၍ တင်ပြရမည့် နေထိုင်စရိတ်ငွေပမာဏကို ယခုကဲ့သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။ “1st July ကနေစပြီး တိုးမြှင့်လိုက်တာပါ။ AUS$ 18000 ကနေ AUS$ 18,610  ဖြစ်သွားပါတယ်။ ကျောင်းသားကျောင်းသူတွေအတွက်တော့ တိုးမြှင့်လိုက်တဲ့ပမာဏ မများတဲ့အတွက် ထူးထူးခြားခြားအပြောင်းအလဲမျိုးတော့ မရှိပါဘူး” ဟု Edulink Australia မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဗီဇာခွင့်ပြုခြင်းနှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားသည့်အချက်များတွင် သြစတြေးလျနိုင်ငံတွင် ပညာသင်ယူစဉ်အတွက် သုံးစွဲရန် ငွေကြေးလုံလောက်မှုရှိမရှိနှင့် အဆိုပါငွေကြေးပမာဏကို နည်းလမ်းမှန်ကန်စွာဖြင့် တင်ပြနိုင်ခြင်းရှိမရှိ စစ်ဆေးလေ့ရှိကြောင်းသိရသည်။ ထို့ပြင် လျှောက်ထားသူ၏ ယခင်ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်သည့် ရာဇ၀င်အချက်အလက်များ၊ လျှောက်ထားသူသို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ ထောက်ခံမှုပေးသူ၏ အလုပ်နှင့်ပတ်သက်သည့် နောက်ကြောင်းရာဇ၀င်များ၊ တင်ပြသည့်ဝင်ငွေနှင့်ပတ်သက်သည့် ၀င်ငွေရလမ်းဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ အစရှိသည်တို့ကိုလည်း အလေးထား စစ်ဆေးလေ့ရှိကြောင်း သိရသည်။ 
ရေးသားသူ -စိုးမြင့်ထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1