Wednesday, July 11, 2012

ရုရှားတောင်ပိုင်းတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၇၁ ဦးအထိ ရှိလာခဲ့

Ever November | 7/11/2012 10:34:00 AM | Best Blogger Tips

ရုရှားနိုင်ငံ တောင်ဘက်ပိုင်းရှိ ခရပ်စ်နိုဒါဒေသတွင် ဆိုးရွားစွာ ရေကြီးမှုများကြောင့် သေဆုံးသူ အနည်းဆုံး ၁၇၁ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဇူလိုင် ၉ ရက်နေ့ကို နိုင်ငံ၏ ၀မ်းနည်းကြေကွဲဖွယ်နေ့ရက်အဖြစ် ကြေညာခဲ့သည်။ ရေများသည် အလုံးအရင်းဖြင့် ကင်မက်စ်မြို့တွင်းသို့ဝင်ရောက်လာပြီးလမ်းများ၊တံတားများသည် ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း၊
 သောက်သုံးရေများ ပြတ်လပ်လျက်ရှိကြောင်းနှင့် ရေတွင်းများမှာလည်း ရေကြီးမှုကြောင့် မသန့်ရှင်းတော့သည့်အတွက် လျှော်ဖွပ်ရန်အတွက်သာ အသုံးပြုကြောင်း အဆိုပါမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။ ပူတင်သည် အဆိုပါဒေသသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်လှည့်လည်ကြည့်ရှုခဲ့ပြီး အသက်ဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် အတတ်နိုင်ဆုံး တားဆီးသွားကြရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။ 
(အင်တာနက်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1