Wednesday, July 11, 2012

အမေရိကန်တွင် အပူလှိုင်းကြောင့် လူအများအပြား သေဆုံး

Ever November | 7/11/2012 11:09:00 AM | Best Blogger Tips

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းဒေသနှင့် အရှေ့ဘက်ဒေသများတွင် ဇူလိုင် ၇ ရက်က အပူလှိုင်းများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် လူ ၄၀ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ဇူလိုင် ၇ ရက်တွင် အပူလှိုင်းကျရောက်မှုကြောင့် ၀ါရှင်တန်မြို့၌ အပူချိန် ၁၀၅ ဒီဂရီဖာရင်ဟိုက်နှင့် ကျန်အထင်ကရ မြို့ကြီးများတွင် ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော် မြင့်တက်သွားခဲ့သည်။ စိန့်လူးဝစ်နှင့် အင်ဒီးရာနာပိုလီမြို့တွင်လည်း အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်ခန့် ရှိခဲ့သည်။ အဆိုပါ အပူလှိုင်းဒဏ်ကြောင့် မေရီလန်းပြည်နယ်တွင် ကိုးဦးသေဆုံးခဲ့ပြီး အိုဟိုင်အိုးပြည်နယ်တွင်လည်း အသက်အရွယ်ကြီးရင့်သူ သုံးဦးသေဆုံးခဲ့ရသည်။ ထို့အပြင် ၀က်စ်ကွန်ဆင်ပြည်နယ်မှ သုံးဦး၊ တန်နက်စီပြည်နယ်မှ နှစ်ဦးနှင့် ပန်ဆယ်ဘေးနီးယားပြည်နယ်မှ သုံးဦးတို့လည်း အပူလှိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။ 
(အင်တာနက်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1