Wednesday, July 11, 2012

ဖိလစ်ပိုင်နိုင်ငံလုပ်ဆိုင်ကယ်များ ဈေးကွက်ဝင်ရောက်လာ

Ever November | 7/11/2012 12:32:00 PM | Best Blogger Tips

ပြည်တွင်းကို ဖိလစ်ပိုင်နိုင်ငံလုပ်ဆိုင်ကယ်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကြောင်း သိရသည်။ KAISER အမှတ်တံဆိပ်ဖြစ်ပြီး Jumping ဆိုင်ကယ်၊ ဖိုက်တာပြိုင်ဘီး၊ ဟာလီပုံတူတွေနဲ့ ၀င်ရောက်လာကြောင်း သိရသည်။ ပုံစံနှင့်မော်ဒယ်လိုက်ပြီး ဈေးနှုန်း ၁၃ သိန်းမှ သိန်း ၂၀ ၀န်းကျင်ရှိမည်ဖြစ်သည်။

KAISER KS- 1508 မှာဟာလီစတိုင်ဖြစ်ပြီး 4 Stroker Engine အမျိုးအစားဖြစ်သည်။ Kick, Electric Start စနစ်နဲ့ စက်နှိုးနိုင်မှာဖြစ်ပြီး ဂီယာ ၄ ချက်ဖြစ်ကာ ဘရိတ်စနစ်မှာ ရှေ့၊ နောက် Disc ဘရိတ်ဖြစ်သည်။ တစ်နာရီ ၉၅ ကီလိုနှုန်းနဲ့မောင်းနှင်နိုင်သည်။ Pressure Splash Lubrication စနစ်ဖြစ်သည့်အတွက် ဆီစားနှုန်းသက်သာစေမည်ဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံလုပ်ဆိုင်ကယ်ဖြစ်ပြီး မာကျောကျစ်လျစ်မှုရှိကြောင်း သိရသည်။ အင်ဂျင်နှင့် ဂီယာဘောက်ကို ၁ နှစ် (သို့) ၅၀၀၀ ကီလို အာမခံပေးထားသည်။ စိတ်ပါဝင်စားသူများအနေဖြင့် ကိုနေလင်းဦး (SWIFT Investment & Trading Group) ၇၈လမ်း၊ ၃၅x၃၆၊ ဖုန်း-၀၂-၇၂၀၇၁၊ ၀၉-၇၃၅၀၃၈၃၇ သို့ ဆက်သွယ်စုံစမ်း ၀ယ်ယူနိုင်ကြောင်း သိရသည်။ 
ရေးသားသူ -ကောင်းမြတ်ထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1