Wednesday, July 11, 2012

၂၀၁၃ ခုနှစ်အစောပိုင်းတွင် Firefox OS ဖုန်းများတွေ့မြင်ရမည်ဟု Mozilla ကတိပြု

Ever November | 7/11/2012 12:26:00 PM | Best Blogger Tips

Mozilla ကုမ္ပဏီမှ Firefox အမည်ရှိ mobile operating system တစ်မျိုးကို ၎င်း၏ Firefox browser နှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် ထုတ်လုပ်ပေးမည်ဖြစ်ပြီး ယင်း Firefox OS အသုံးပြု ဖုန်းများကိုလည်း လာမည့် ၂၀၁၃ ခုနှစ်အစောပိုင်းတွင် စတင်မြင်တွေ့ရမည်ဖြစ်ကြောင်း ကတိပေးပြောကြားလိုက်သည်။

အဆိုပါ Firefox OS သစ်အသုံးပြုစမတ်ဖုန်းများကို ဟောင်ကောင်အခြေစိုက် TCL Communication Technology ကုမ္ပဏီနှင့် ZTE ကုမ္ပဏီတို့မှ ထုတ်လုပ်ပေးမည်ဖြစ်ကာ စတင်ပြီးတင်ပို့ပေးမည့်အချိန်ကိုမူ အတိအကျမပြောနိုင်သေးကြောင်း သိရသည်။ Mozilla အနေဖြင့် Sprint အပါ အ၀င် Deutsche Telekom, Eti-salat, Smart Communication, Telecom Italia, Telefonica နှင့် Telenor အစရှိသည့် နိုင်ငံအသီးသီးမှ မိုဘိုင်း carrier များဖြင့် Firefox OS ကို အထောက်အပံ့ ပေးရန် သဘောတူညီမှုရရှိပြီးဖြစ်သည်။ Firefox OS ကို ၂၀၁၁ ခုနှစ်မှပင်စတင်၍ Boot to Ge-cko (B2G) အမည်ဖြင့် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယင်း OS ကို Firefox browser တွင်အသုံးပြုသည့် Gecko browser engine ပေါ်တွင် အခြေခံတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ Firefox OS ကို HTML5 အသုံးပြုရေးသားနေခြင်းဖြစ်ပြီး ဖုန်းတွင်အသုံးပြုနိုင်သည့် function နှင့် feature တစ်ခုချင်းစီမှာ အဆိုပါ browser အခြေခံ operating system ပေါ်တွင်အသုံးပြုနိုင်မည့် သီးသန့် HTML application များဖြစ်သည်။ Open source ဖြစ်သည့် Firefox OS ကို စမတ်ဖုန်းထုတ်လုပ်သူများမှ ၀ယ်ယူ၍ အသုံးပြုရန်မလိုဘဲ Google ၏ Android OS နည်းတူ အခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။ 
ရေးသားသူ -ဟေမာ
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1