Wednesday, July 11, 2012

"စွာတေးလန် ဇာတ်ကားကို ကြည့်ချင်နေသူ သီချင်းဖန်တီးရှင် Bobby Soxer (ထက်ထက် )"

Ever November | 7/11/2012 08:29:00 PM | Best Blogger Tips

အမျိုးသမီးရေးရာက ကျင်းပတဲ့ မြန်မာ အမျိုးသမီးရေးရာ ဝတ်စား ဆင်ယင်မှု ပြပွဲမှာ Bobby Soxer က မြန်မာဝတ်စုံ ဝတ်ပြီး သီဆို ဖျော်ဖြေပေးခဲ့ပါတယ်။မြန်မာဝတ်စုံ နဲ့ကျောင်းကပွဲတွေ မှာသာ ဆိုဖူးပေမယ့် ဒီပွဲမှာ တော့ ဝတ်စား ဆင်ယင်မှုနဲ့ ဆိုမယ့် သီချင်းကို မလိုက်ဖက်မှာ စိုးရိမ်တာကြောင့် လူငယ်ဆန်ဆန် မြန်မာဝတ် စုံလေး ကို ရွေးချယ်ထား ကြောင်းပြောပါတယ်။ လွှမ်းပိုင်နဲ့ အတွဲခွေဖြစ်တဲ့ ဒုံးပျံ တေးစီးရီးကို MTV ၅ ပုဒ် ရိုက်ကူးပြီးဖြစ်တဲ့ Bobby Soxer က သူမရဲ့ ဒီအခွေထဲက ပေါက် သီချင်း တစ်ပုဒ်ဖြစ်တဲ့ ‘စွာတေးလန်’ သီချင်းကို တော့ မရိုက်ကူးရသေးပါဘူး။ သူမ မရိုက်ကူးရသေးပေမယ့် ‘စွာတေးလန်’ သီချင်း ကိုတော့ ဒါရိုက်တာ မလိခစိုး ထိုက်အောင် က အောင်ရဲလင်း၊ သက်မွန်မြင့် တို့နဲ့ ဗီဒီယို ရိုက်ကူး ထားပါတယ်။ ကိုယ့်ရဲ့သီချင်း ခေါင်းစဉ်ကို ဗီဒီယို Title ပေး ထားသလို သီချင်းလေးကိုပါ ယူသုံး ထားတဲ့အတွက် ကျေနပ် ဝမ်းသာနေတဲ့ Bobby Soxer က ”ညီမလည်း မထင်ထားပါဘူး။ ဒီသီချင်းလေးကို ရေးကတည်းက ဗီဒီယို တစ်ခု ဖြစ်လာဖို့ စဉ်းစား ပြီးရေး ထားတာ မဟုတ်ပါဘူး။ ပြောရမယ် ဆိုရင် ကိုယ့်အကြောင်း ကိုယ်ရေးထား တဲ့ သီချင်းပါ။ အဲဒီသီချင်းလေးက အခုလို သီချင်းကနေ ဗီဒီယို အဖြစ် ပါ ပြောင်းသွားတဲ့ အတွက် ညီမ တော်တော်လေး ကို ကျေနပ်တယ်။ ညီမအဲဒီကားကို တအား ကြည့်ချင်နေတယ်။ ဘယ်လိုမျိုး ရိုက်ထားလဲ ဆိုတာကိုလည်း သိချင်တယ်။ မသက်မွန် ဆို တာလည်း ညီမတအား ကြိုက်တဲ့ မင်းသမီး ဆိုတော့ လေ” လို့ ကျေနပ် ပီတိတွေနဲ့ ပြောပါတယ်။
ကြော်ငြာ တော်တော်များများ ရိုက်ကူးလာတဲ့ Bobby Soxer ကအခု လည်း ကြော်ငြာ ၂ ခု ရိုက်ကူးဖို့ လက်ခံထား ပါသေးတယ်။ ဇာတ်ကား ရိုက်ကူးမှုတော့ လက်ခံ ထားတာ မရှိသေးဘဲ အတွဲခွေ သိပ်မထွက်ခင် အချိန် ဟိုးအရင်က ဇာတ်ကား တစ်ခုလာ ကမ်းလှမ်းခံ ရပေမယ့် ငြင်း ခဲ့ကြောင်း ပြောပြီး အခုလည်း လာပြောရင် စဉ်းစားဦး မှာဖြစ်ကြောင်း Bobby Soxer က ဆိုပါတယ်။ ”သရုပ်ဆောင်တာကို ကိုယ့်ကိုယ် ကိုယ်ကျွမ်း ကျင်တဲ့ အလုပ်လို့ မထင်ပါဘူး။ သရုပ်ဆောင်နဲ့ ပတ်သက် ရင် တော်တော်လေး ပါရမီနည်းတယ်။ သီချင်းကတော့ ကိုယ် သီဆိုသမျှ ပုံစံကို ပရိသတ်က လက်ခံပေးနေတဲ့ အတွက် လောလောဆယ် တော့ ကံကောင်း နေသေးတယ်လို့ ပြောရမှာပေါ့။ ပရိသတ်က’ဒွိဟ’ လို ပုံစံမျိုး လည်း ကြိုက်ကြတယ်။ ညီမကတော့ တစ်ပုဒ်လုံးကို Melody ချည်းပဲ ဆိုဖို့တော့ မစဉ်းစားဘူး။ Rap တစ်ပိုဒ်လောက်တော့ အနည်းဆုံး ပါမယ်။ ညီမဆိုတဲ့ ပုံစံတွေ အကုန်လုံးကို ပရိသတ်က လက်ခံပေးတဲ့ အတွက် တော့ကျေနပ်ပါတယ်” လို့ပြောပြီး ဒုံးပျံ MTV ကို လည်းဒီနှစ် မကုန်ခင် သြဂုတ်လထဲမှာ အပြီးသတ် ထွက် နိုင်ဖို့ ကြိုးစားနေကြောင်း သူမရဲ့ပရိသတ်တွေကို အသိပေး ပြောကြားလိုက်ပါတယ်။
ဝဿန်

popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1