Wednesday, July 11, 2012

Portable Microscope

Ever November | 7/11/2012 12:49:00 PM | Best Blogger Tips

နေပြည်တော်ဈေးကွက်ထဲ ဒီတစ်ပတ်ဝင်ရောက်လာတာကတော့ ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်တဲ့ Multi-Purpose အတွက် Portable Microscope တစ်မျိုးပါ။ Resolution အနေနဲ့ 2.5 Mega Pixel ပါဝင်ပြီး UNS ကတော့ 11mm Diameter ရှိတဲ့ Inner Optic Lens ကိုအသုံးပြုထားပါတယ်။

အတွင်းအမှောင်ပိုင်းတွေပါ အသုံးပြုလို့ရအောင် LED မီးသီး ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Zoom အနေနဲ့အဆ ၂၀၀၀ ချဲ့နိုင်ပါတယ်။ Focus ကိုလည်း လိုသလိုချိန်ညှိနိုင်အောင် Manual လုပ်ဆောင်ချက် ထည့်သွင်းပေးထားပါတယ်။  ကွန်ပျူတာ၊ Laptop စတာတွေနဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပြီး မိမိသိမ်းဆည်းလိုတဲ့ပုံတွေ၊ ဖိုင်တွေကိုလည်း ဓါတ်ပုံဖိုင်၊ ဗီဒီယိုဖိုင်အဖြစ် သိမ်းဆည်းနိုင်တယ်လို့သိရပါတယ်။ ဆံပင်အရင်းအမြစ် စစ်ဆေးခြင်း၊ အသားအရေ စစ်ဆေးခြင်း၊ စက်မှုဆိုင်ရာပစ္စည်းများစစ်ဆေးခြင်း၊ ဇီဝဗေဒဆိုင်ရာ အသုံးပြုခြင်း၊ ရတနာပစ္စည်းများစစ်ဆေးခြင်း၊ နားအတွင်းပိုင်းများ စစ်ဆေးခြင်းနှင့် မှုခင်းဖြစ်ရပ်နေရာများတွင် စစ်ဆေးခြင်း စသည်တို့ကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ Portable Microscope ကိုဝယ်ယူမယ်ဆိုရင် Driver CD, USB Cable, Tripod တစ်ခု၊ ခေါင်းပြောင်း (၁၀) ခုစတာတွေ တစ်ပါတည်းပါဝင်ပါတယ်။ Windows အနေနဲ့ XP, SP2, Windows 7, Linux, Mac OS and above V5.5 စတာတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ နေပြည်တော်ပျဉ်းမနား၊ ဗိုလ်တာရာလမ်း၊ ချိန်တန်ပြီကဖေးအနီးမှာ ဖွင့်လှစ်ထားတဲ့ ESE Computer Center ဖုန်း - ၀၆၇-၂၄၄၅၆ မှာ ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။ 
ရေးသားသူ -ကျော်ဇေယျ
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1