Wednesday, July 11, 2012

ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအတွက် အပြည်ပြည်ဆိုင်ရာတင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်

Ever November | 7/11/2012 12:19:00 PM | Best Blogger Tips
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက်အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်ယူရာတွင် အဆိုပြုလွှာများတင်သွင်းနိုင်ကြောင်းမြန်မာ့    ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။
 
တင်ဒါတင်သွင်းလိုသူများအနေဖြင့် ဇူလိုင်(၉)ရက်နေ့မှစတင်တင်သွင်းနိုင်ပြီဖြစ်ကြောင်း နေပြည်တော် အမှတ်(၂) ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်းကြီးဋ္ဌာနမှ တာဝန်ရှိသူ ဦးမိုးဆောင်ကဆိုသည်။
 
တင်ဒါပြင်ဆင်ခြင်း၊ တင်ဒါယူခြင်း ၊ စိစစ်ရွေးချယ်ခြင်း စသည့်လုပ်ငန်းများပြုလုပ်နိုင်ရန် နိုင်ငံတကာ အတွေ့ အကြုံရှိ သော TelecommunicationsTender Consultant  ကုမ္ပဏီ/ အဖွဲ့ အစည်းများအား သြဂုတ်လ (၁) ရက်နေ့ အထိလက်ခံ သွားမည်ဖြစ်သည်။
 
“ဆောင်ရွက်လိုတဲ့ Telecommunications Tender Consultant  ကုမ္ပဏီ/ အဖွဲ့အစည်းများအနေဖြင့်  သြဂုတ်လ(၁)ရက် မွန်းလွဲ ၂း၀၀ နာရီမတိုင်မီအဆိုပြုလွှာများ တင်သွင်းနိုင်ပါတယ်” ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ရတနာပုံတယ်လီပို့ကုမ္ပဏီ အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအားနိုင်ငံတကာအဆင့်မီ သုံးစွဲနိုင်ရန်အတွက် ရည်ရွယ်၍ ပြည်တွင်း/ပြည်ပရှိ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့်ပူးပေါင်း၍  Mobile,PSTN,Internat စသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ် ယူနိုင်ရေးစိစစ်ရွေးချယ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
 
“ အပြည်ပြည်ဆိုင်ရာ တင်ဒါလုပ်ထုံးလုပ်နည်းများအတိုင်း ဖြစ်စေရန်၊နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း   ဖြစ်စေရန်နှင့်  ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် လုပ်ငန်းအဆင့်ဆင့်တို့တွင်Telecommunications Tender Consultant အဖြစ်   ဆောင်ရွက်ပေးနိုင်မည့်နိုင်ငံတကာ အတွေ့အကြုံရှိသော ကုမ္ပဏီ/ အဖွဲ့အစည်းများ၏နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ၊ အတွေ့အကြုံနဲ့ အကြံဥာဏ်များကိုရယူဆောင်ရွက်သွားနိုင်ဖို့အတွက်ပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက်နိုင်ငံတကာတင်ဒါများကို  ရွေးချယ်ရာတွင် 
 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေးနှင့်ကျွမ်းကျင်အဖွဲ့အစည်း၊ လူမှုစီးပွား ဖွံ့ဖြိုးရေးအကြံပေးကောင်စီတို့နှင့်ပူးပေါင်းညှိနှိုင်းတိုင်ပင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း
ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။
 
ဆက်သွယ်ရေးကဏ္ဍအပါအဝင် အခြားကဏ္ဍ(၆) ခုအား ကဏ္ဍတစ်ခုချင်းစီ လေ့လာသုံးသပ်၍ပုဂ္ဂလိက ပိုင်အဖြစ် အချိုးအစားအရ ကူးပြောင်းပေးရန် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  ပြောကြားခဲ့ပြီးဖြစ်သည်။
 
ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မူဝါဒများအား ဇွန်လ(၁၉) နှင့် (၂၀) ရက်နေ့တွင် ကျင်းပခဲ့သောစီမံကိန်းကော်မရှင်အစည်းအဝေးတွင် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။
ဥာဏ်ဥာဏ် (မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1