Wednesday, July 11, 2012

ကလေးငယ်များ သေဆုံးခဲ့ရသော အဖျားရောဂါနှင့် ပတ်သက်၍ သဲလွန်စတွေ့ရှိ

Ever November | 7/11/2012 12:40:00 PM | Best Blogger Tips

ကမ္ဘောဒီးယားနိုင်ငံတွင် ကလေးငယ် ၆၄ ဦးအထိ သေဆုံးစေခဲ့သော အမျိုးအမည်မသိ ထူးဆန်းသည့် အဖျားရောဂါနှင့် ပတ်သက်၍ အရေးပါသော တွေ့ရှိမှုတစ်ခုကို မိမိတို့ ရှာဖွေနိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယား ကျန်းမားရေးတာဝန်ရှိသူများက ပြောကြားလိုက်သည်။ ဖျာနားမှုဖြစ်ပွားနေသည့် လူနာ ၂၄ ဦးအား စစ်ဆေးမှုများအရ ၁၅ ဦးတွင် Enterovirus Type 71 ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းဗိုင်းရပ်စ်သည် လက်၊ ခြေထောက်နှင့် ပါးစပ်တို့တွင် အနာရောဂါဖြစ်ပေါ်တတ်ပြီး ပြင်းထန်သည့် ဦးနှောက်အာရုံကြော ထိခိုက်မှုကိုလည်း အဓိကအားဖြင့် ကလေးငယ်များတွင် ဖြစ်စေနိုင်ကြောင်း သိရှိရသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ထူးဆန်းသော အဖျားရောဂါကြောင့် ကလေးငယ်အများအပြား သေဆုံးရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Planet
Source:CNN

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1