Wednesday, July 11, 2012

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်များ အဆင်မြှင့်၍ ပြန်ဖွင့်မည်

Ever November | 7/11/2012 01:01:00 PM | Best Blogger Tips
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်များကိုအဆင့်မြှင့်၍အင်ဂျင်နီယာဘွဲ့(B.E) သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် ရရှိထားသော ကျောင်းသား၊ ကျောင်းသူများကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအထက်ပိုင်းမှ ကျောင်းသားများအနေဖြင့်မန္တလေးနည်းပညာတက္ကသိုလ်သို့ လျှောက်ထားနိုင်ပြီး
 မြန်မာနိုင်ငံအောက်ပိုင်းမှ ကျောင်းသားများအနေဖြင့်ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ကျောင်းဝင်ခွင့်
 လျှောက်ထားနိုင်မည်ဖြစ်ကာတက္ကသိုလ်တစ်ခုလျှင် ကျောင်းသား၂၅၀စီစိစစ်ရွေးချယ် ခေါ်ယူသွားမည်ဖြစ်
ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဘာသာတွဲအမှတ်(၁) ဓာတုဗေဒ၊ ရူပဗေဒ၊ စီးပွားရေး။ ဘာသာတွဲအမှတ်(၅) ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်း။ ဘာသာတွဲအမှတ်(၆) ဓာတုဗေဒ၊ ရူပဗေဒ၊ စိတ်ကြိုက်မြန်မာစာ။ ဘာသာတွဲအမှတ်(၇) ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် ဘာသာတွဲအမှတ်(၈) ဓာတုဗေဒ၊ဇီဝဗေဒ၊ပထ၀ီတို့ဖြင့် ဖြေဆိုအောင်မြင်ထားသူများအဆိုပါကျောင်းဝင်ခွင့်အတွက် လျှောက်
ထားနိုင်ကြောင်း သက်ဆိုင်ရာပညာရေးဌာနမှ သိရသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့ကို အဆင့်မြင့်နည်းပညာတက္ကသိုလ်များ (Center of Excellence) အဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ အခြားနည်းပညာတက္ကသိုလ် ၃၃ ခုအား တစ်ပြိုင်နက် အဆင့်မြှင့်တင်ရန် ငွေကြေးအခြေအနေနှင့် သင်ကြားမှုဆိုင်ရာ လိုအပ်ချက်များအရ လောလောဆယ် ပံ့ပိုးပေးနိုင်ခြင်း မရှိသေးကြောင်း သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

ယင်းတက္ကသိုလ်နှစ်ခုတွင် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ၊သင်ကြားမှုနည်းစနစ်များ၊ စာမေးပွဲစစ်ဆေးသည့် နည်းစနစ်များနှင့် သင်ကြားရေးဆရာ၊ ဆရာမများဖြင့် သင်ကြားပေးနိုင်ရန်နှင့် သင်တန်းကာလကို အခြားနည်းပညာတက္ကသိုလ်များနည်းတူ ခြောက်နှစ်သတ်မှတ်၍ အင်ဂျင်နီယာပုံစံကျကျဖြင့် သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်များ အဆင့်တိုးမြှင့်နိုင်ရေး အစည်းအဝေး၌၀န်ကြီး၏ ပြောကြားချက်ကိုဇူလိုင်လ၉ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်မည့်အဆိုပါရန်ကုန်နှင့်မန္တလေးနည်းပညာတက္ကသိုလ်တို့တွင် ကျောင်းဝင်ခွင့်
ရရှိမည့် ကျောင်းသားများအနေဖြင့် အင်ဂျင်နီယာဘွဲ့သင်တန်းကို တိုက်ရိုက်တက်ရောက်ခွင့် ရရှိတော့မည်ဖြစ်သည်။

လက်ရှိနည်းပညာတက္ကသိုလ်များ၌ တက်ရောက်နေသော ကျောင်းသားများအနေဖြင့် ၀င်ခွင့်ရရှိပြီး ၂ နှစ် တက်ရောက်အောင်မြင်ပါကA.G.T.Iဒီပလိုမာလက်မှတ် ပေးအပ်၍သတ်မှတ်အရည်အချင်း ပြည့်မီသူများကို B.Tech ပထမနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ပြုသည်။ ယင်းသင်တန်း ဒုတိယနှစ်အောင်မြင်သူများကို သက်ဆိုင်ရာဘာသာရပ်ဘွဲ့များ အပ်နှင်းလျက်ရှိပြီး သတ်မှတ်အရည်အချင်း ပြည့်မီသူများကိုသာ B.E ဘွဲ့သင်တန်း ဆက်လက်တက်ရောက်ခွင့်ပြုသည့် စနစ်ကိုကျင့်သုံးလျက်ရှိသည်။
7 day new journal facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1