Wednesday, July 11, 2012

ဆိုက်ဘာဒုစရိုက်သမားများက Cloud ဆာဗာများကို ပိုမိုပစ်မှတ်ထားတိုက်ခိုက်လာ

Ever November | 7/11/2012 11:49:00 AM | Best Blogger Tips

ကွန်ပျူတာနှင့် အင်တာနက်ပေါ်မှတစ်ဆင့် ကွန်ပျူတာအသုံးပြုသူ end user များထံ ဗိုင်းရပ်စ်များ ပေးပို့တိုက်ခိုက်သည့် ဆိုက်ဘာဒုစရိုက်သမားများသည် ယခုအချိန်တွင် cloud server များကို ပိုမိုပစ်မှတ်ထားလာကြကြောင်း သုတေသီများက မကြာသေးမီကပြောကြားခဲ့သည်။ ၀န်ဆောင်မှုတူညီပြီး အများပြည်သူအကျိုးစီးပွားအတွက် ကူညီဆောင်ရွက်နေကြသည့်

ကုမ္ပဏီအများစုသည် ၎င်းတို့၏ဆော့ဖ်ဝဲများနှင့် ၀န်ဆောင်မှုများကို မည်သူမဆို လွယ်ကူစွာအသုံးပြုနိုင်စေရန်အတွက် cloud တွင်သာထားပေးကြရာ ယင်းသည် ဆိုက်ဘာဒုစရိုက်သမားများမှ နည်းပညာနှင့် အချက်အလက်များစွာ မလိုအပ်ဘဲ ရာဇ၀တ်မှုများကို အလွယ်တကူ ကျူးလွန်နိုင်စေမည်ဖြစ်သည့်အတွက် လုံခြုံရေးပိုင်းကျွမ်းကျင်သူများက cloud ပတ်ဝန်းကျင်တွင် သိမ်းဆည်းထားသည့် သတင်းအချက်အလက် server များကို ဒုစရိုက်သမားများက တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။ ဒုစရိုက်သမားများကလည်း ယခုအခါတွင် ယင်းတို့၏တိုက်ခိုက်မှုများကို cloud အခြေခံစနစ်များကို အသုံးပြု၍ ပြုလုပ်နေကြောင်း McAfee နှင့် Guardian Analytics တို့မှ ပြုလုပ်ထားသည့်စစ်တမ်းတွင် ဖော်ပြထားသည်။ Cloud တိုက်ခိုက်မှုကို စတင်တွေ့ရှိရခြင်းမှာ ဥရောပ၊ အမေရိကန်ပြည်ထောင်စုနှင့် တောင်အမေရိကတို့ရှိ ငွေကြေးပမာဏများပြားသော ဘဏ်စာရင်းမှငွေများကို အလိုအလျောက်ငွေလွှဲပြောင်းနေခြင်းအား စတင်၍သတိပြုမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အွန်လိုင်းလိမ်လည်မှုအချို့ကဲ့သို့ အီးမေးလ်များ ပေးပို့တိုက်ခိုက်ခြင်းဖြစ်သော်လည်း ယခင်တိုက်ခိုက်ခြင်းများသည် အသုံးပြုသူများ၏ ကွန်ပျူတာများကို တိုက်ခိုက်ခြင်းဖြစ်ကာ ယခုမှာမူ cloud ရှိ server များကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း Contos မှပြောကြားခဲ့သည်။ ယခုဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုသည် အချိန်နှင့် ငွေကြေးကုန်ကျမှု သက်သာစေရန်အတွက် ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်းများကို cloud သို့ရွှေ့ပြောင်းခဲ့သည့် ကုမ္ပဏီများအတွက် မကြာမီရင်ဆိုင်ကြုံတွေ့ရမည့် malware တိုက်ခိုက်မှုသစ်ဖြစ်လာနိုင်ကြောင်း Contos မှခန့်မှန်းပြောဆိုထားသည်။ 
ရေးသားသူ -ဟေမာ
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1