Wednesday, July 11, 2012

မောင်းသူမဲ့လေယာဉ်များအား GPS လှည့်ဖြားမှုမှတစ်ဆင့် ထိန်းချုပ်ပုံကို သုတေသီများသရုပ်ပြသ

Ever November | 7/11/2012 12:06:00 PM | Best Blogger Tips

GPS signal များကိုလှည့်စားကာ မောင်းသူမဲ့လေယာဉ်တစ်စင်းအား အဝေးထိန်းစနစ်ဖြင့်ထိန်းချုပ်ပုံကို သုတေသီများက သရုပ်ပြသခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်စစ်ဘက်သုံး မောင်းသူမဲ့လေယာဉ်တစ်စင်းသည် အီရန်တွင် ထောက်လှမ်းမှုပြုလုပ်နေစဉ် ပျောက်ဆုံးသွားခဲ့ပြီး ယင်းကဲ့သို့ပျောက်ဆုံးရခြင်းမှာ

မောင်းသူမဲ့လေယာဉ်၏ GPS signal များကိုနှောင့်ယှက်ကာ ၎င်းလေယာဉ်အား ထိန်းချုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အီရန်အစိုးရအရာရှိများက ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို GPS spoofing ခေါ် GPS လှည့်စားမှုဟုအမည်ပေးထားပြီး ၎င်းကို ယခင်က လက်တွေ့ထက် အယူအဆသဘောတရားအနေဖြင့်သာ သုံးသပ်စဉ်းစားခဲ့ကြသည်။ ယခုအခါတွင် အော်စတင်မြို့ရှိ တက္ကဆက်တက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ခုက မောင်းနှင်သူမပါသည့် လေယာဉ်၏ GPS signal များဖြင့် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်ခြင်းကို သရုပ်ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါသရုပ်ပြသမှုသည် ၂၀၁၅ ခုနှစ်တွင် စစ်ဘက်နှင့် အရပ်ဘက်သုံး မောင်းသူမဲ့လေယာဉ် ထောင်ပေါင်းများစွာအသုံးပြုရန် စီစဉ်နေခြင်းအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအား ဖော်ပြလိုက်ခြင်းလည်းဖြစ်သည်။ အထက်ပါသရုပ်ပြသမှုတွင် သုတေသီများသည် မောင်းသူမဲ့လေယာဉ်အား တစ်ကီလိုမီတာအကွာအဝေးမှ ထိန်းချုပ်ပုံကို ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ရေးသားသူ -နောင်နောင်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1