![]()  | 
| မန်စီးတီး အသင်းမှ ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသည့် အဂ္ဂါ | 
မန်စီးတီး အသင်းသည် ရာသီသစ် အတွက် 
ပြင်ဆင်မှု အနေဖြင့် နောက်တန်း အင်အားကို တိုးမြှင့်ရန် စီစဉ်နေပြီး အဂ္ဂါအား
 ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။ မန်စီးတီး အသင်း၏ နည်းပြ 
မန်ချီနီမှ ဗဟိုနောက်ခံလူ နေရာတွင် အင်အားဖြည့်တင်းရန်မှာ သူ၏ ဦးစားပေး 
အစီအစဉ် ဖြစ်ကြောင်း ၀န်ခံ ပြောဆိုခဲ့ဖူးသည်။
ကိုလိုတိုရေး ထွက်ခွာဖွယ် 
ရှိနေခြင်းကြောင့် မန်စီးတီး အသင်းတွင် ဗဟို နောက်ခံလူ အဖြစ် ကွန်ပနီ၊ 
လက်စ်ကော့ နှင့် ဆာဗစ်တို့ သုံဦးသား ကျန်ရှိဖွယ် ရှိနေခြင်းကြောင့် 
ကစားသမားသစ် ၀ယ်ယူရန်မှာ မန်ချီနီအတွက် ဦးစားပေး အစီအစဉ် ဖြစ်လာရခြင်း 
ဖြစ်သည်။
မန်စီးတီး အသင်းသည် အဂ္ဂါအတွက် ပေါင် (၁၃) 
သန်း နှင့် (၁၆)သန်း ပေး၍ နှစ်ကြိမ်တိုင်း ကမ်းလှမ်းခဲ့ပြီး လီဗာပူးလ် 
အသင်း၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသောကြောင့် တတိယ အကြိမ်မြောက် အဖြစ် 
ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ 
soccer weekly


No comments:
Post a Comment