အနုပုပညာ အရ ပြိုင်ဆိုင် နေကြ တဲ့ လောက အနု ပညာ လောက ရယ်မှ မဟုတ် ပါဘူး။ ဘယ် အလုပ်မျိုးမှာ မဆို ပြိုင်ဆိုင်မှုဆိုတာရှိပါတယ်။ ကိုယ်တွေက အနုပညာနဲ့ပရိသတ်ကို ဖျော်ဖြေနေကြတာ ကိုယ့်အနုပညာအလုပ်ကိုပဲ အဓိကထားတယ်။ ဒီအပေါ်မှာပဲ စိတ်နှစ်ထားတယ်။ ဟိုလူကဖြင့် ဘာလုပ်တယ်၊ ဒီလူကဘာဖြစ်တယ်၊ ငါက တော့ ဘယ်လိုလုပ်လိုက်မယ် ဒီလိုစိတ်မျိုး လည်း ကိုယ့်မှာမရှိဘူး။
ကိုယ့်ဘာသာလှ အောင်နေပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်တယ်။ ပရိသတ်ရဲ့ 
ချစ်ခင်အားပေးမှုကိုပဲလိုချင်တယ်။ ကိုယ်အခုလုပ်နေတဲ့အပေါ်မှာ စိတ်ကျေနပ် 
စရာရှိပေမယ့် ပြီးပြည့်စုံတဲ့အနုပညာမျိုးတော့ မဟုတ်ပါဘူး။ 
ပြီးပြည်စုံတယ်ဆိုတာ လောကမှာမရှိဘူး။ အဲဒါသေချာတယ်။ ဘယ် အလုပ်မျိုးမဆို 
လုံ့လဝီရိယပဲ အဓိကကြ တယ်။ လုံ့လလျှော့ရင်ခံရမှာပဲ။ ဇွဲရှိဖို့လည်း လိုတယ်။ 
ကိုယ်က ဘယ်အထိသွားချင်တာလဲ ဆိုတာသိရမယ်။ ဥပမာကျော်ကြားမှုဘယ်လောက် 
အတိုင်းအတာအထိ ရှိချင်တာလဲ ဒီလောက် အောင်မြင်နေရင် ကျေနပ်ပါတယ်။
ဒါကလည်း ကိုယ့်ရဲ့လောက ဖြစ်ချင်တဲ့ဆန္ဒနဲ့ပဲဆိုင်တယ်။ အနုပညာအလုပ်တွေကို 
တတ်နိုင်သလောက် လုပ်နေဦးမှာပါ။ ကိုယ့်ကားရိုက်တွေများပေမယ့် 
မလုပ်ဖူးသေးတဲ့ဇာတ်ရုပ်တွေ အများကြီးရှိပါ သေးတယ်။ ဘဝနဲ့ဂ့ဂုဏုဏ်သ်သိကိကာ
္ခလူတစ်ယောက်ရဲ့ ရိုးသားမှု၊ မရိုး သားမှုဆိုတာ သူရှင်သန်နေတဲ့ ပတ်ဝန်းကျင် 
အသိုင်းအဝိုင်းနဲ့လည်းဆိုင်တယ်။ ကိုယ်ငယ်ငယ် လေးကတည်းက 
မိဘရဲ့သွန်သင်ဆုံးမမှုတွေနဲ့ အစဉ်သဖြင့် နေထိုင်လာခဲ့တယ်။ အနုပညာ လောကထဲကို 
ရောက်လာတော့ အောင်မြင်မှု တစ်ခုကိုရအောင်ယူချင်တယ်။ ဒါကိုလည်း 
ရိုးသားမှုနဲ့ရလာမယ့် အောင်မြင်မှုပဲဖြစ်ချင်တယ်။
အတင်းကြီးလုပ်ယူရမယ့် ကိစ္စမျိုးတွေကိုတော့ ဝါသနာမပါဘူး။ 
အမြဲတမ်းရိုးသားတဲ့သူဖြစ်ဖို့ ကြိုးစားတယ်။ လူတိုင်းအပေါ်မှာ စေတနာ 
မှန်စွာနဲ့ မေတ္တာထားပြီးဆက်ဆံတယ်။ ဘယ်သူ့ ကိုမှ မောက်မာစွာမဆက်ဆံတတ်ပါဘူး။ 
လူတစ် ဦးတစ်ယောက် ဒါမှမဟုတ် အများရဲ့လေးစားမှုကို ရယူဖို့ဆိုတာ 
လုပ်ယူလို့မရပါဘူး။ ကိုယ့်ရဲ့ရိုးသား တည်ကြည်မှုအပေါ်မှာ တန်ပြန်လာတဲ့ 
လေးစားမှု ပါ။ တမင်လုပ်ယူလို့ရတဲ့ လေးစားမှု တွေရှိပေမယ့် 
မစစ်မှန်နိုင်ပါဘူး။
ဘဝဟာရိုးသားမှု ဆိုတဲ့ဂုဏ်နဲ့ လုံခြုံဖို့ပဲလိုတယ်။ တစ်သက်နဲ့တစ်ကိုယ် 
အရှိကို အရှိအတိုင်း နေထိုင်ခြင်း ဖြင့်သာရပ်တည်ပါတယ်။ ဘာ တစ်ခုမှလုပ်မယူ 
ခဲ့ပါဘူး။ ဘဝကိုလည်း တည်တည်ငြိမ်ငြိမ်လေးပဲ ဖြတ် သန်းသွားချင်တယ်။ ဆန္ဒတွေ၊ 
လောဘ တွေ သိပ်မများဘူး။ ဖြစ်ချင်တာတွေ သိပ်မရှိဘူး။ ဖြစ်သင့်တာတွေကို 
အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ လူဆိုတာဘယ် လောက်ပဲအောင် 
မြင်ကျော်ကြားပါစေ စည်းစိမ်ဥစ္စာ ပြည့်စုံနေပါစေ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ 
လိုချင်တာတွေ၊ လုပ်ခဲ့ တာ တွေအားလုံးကို တစ်ချိန်မှာထားခဲ့ရမှာ ပဲလေ။ 
လက်ရှိ အသက်ရှင်ရပ်တည်နေတဲ့ အချိန်မှာ အကောင်းဆုံးဖြစ်အောင် နေ တတ်ခြင်းကသာ
 အဓိကကျတာပါပဲ။ အနုပညာအတွက် ခံယူချက် ကိုယ့်ရဲ့ အနုပညာအပေါ်မှာ တိုက် 
ခိုက်တာလေးတွေလည်းရှိတယ်။
အား နည်းချက်၊ အားသာချက် ဆိုတာလည်း ရှိတယ်။ ခိုင်းသင်းကြည် ယနေ့အထိ 
ရှင်သန်ရပ်တည်နေတယ်ဆိုတာ ပရိသတ် က အသိအမှတ်ပြု နေရာပေးထားလို့ပါ။ ပရိသတ်ကသာ
 ကိုယ့်အနုပညာရဲ့ဆရာပါ။ အနုပညာအလုပ်တွေကို ရူးသွပ်တယ်ဆိုတာ ကလည်း 
မှန်ကန်တဲ့ရူးသွပ်မှုပဲဖြစ်ရမယ်။ မှား ယွင်းစွာရူးသွပ်ခဲ့မယ်ဆိုရင်တော့ 
နစ်နာမှုတွေ ရှိလာနိုင်တယ်။ တစ်စုံတစ်ရာကို ရူးသွပ်ဖို့ဆိုတာ 
ယုံကြည်ချက်ရှိမှ ဖြစ်နိုင်တာပါ။ ကိုယ်တိုင် လည်း အနုပညာအတွက် 
ရူးသွပ်ခဲ့ပါတယ်။ အရင်က အရမ်းအောင်မြင်ချင်တယ်၊ အခု လည်း 
အောင်မြင်မှုဆိုတာကို တန်ဖိုးထား တယ်။ ကိုယ့်အနုပညာကို ကိုယ်ထိန်းထား တယ်။ 
အသက်လေးလည်းရ၊ အရွယ်လေး လည်း ရလာတဲ့အခါ စိတ်တွေက ရောင့်ရဲ 
တင်းတိမ်လာခဲ့တယ်။ ကိုယ်ချစ်တဲ့ အနုပညာနဲ့ ကိုယ့်မိသား စုကြားမှာဘဝကို 
အေးချမ်းစွာနဲ့ပဲ နေသွားချင်ပါတယ်။
မိုးကြိုး
First News Journal 


No comments:
Post a Comment