ရန်ကုန်နည်းပညာတက္ကသိုလ်နှင့်မန္တလေးနည်းပညာတက္ကသိုလ်ဝင်ခွင့်ဆိုင်ရာအချက်များနှင့်ပတ်သက်သည့် စာရွက်မရရှိပါကသက်ဆိုင်ရာစာစစ်ဌာနကြီးကြပ်ရေးမှူးများ၊အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ
ထံတွင် ပြန်လည်ထုတ်ယူနိုင်သည်ဟု သိရသည်။ယခုနှစ်မှစ၍အဆင့်မြှင့်ပြီး ပြန်လည်ဖွင့်လှစ်သင်ကြားမည့်
 ရန်ကုန်နည်းပညာတက္ကသိုလ်နှင့်မန္တလေးနည်းပညာတက္ကသိုလ်ဝင်ခွင့်ဆိုင်ရာအချက်အလက်များကို ပြည်
ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ 
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ ထုတ်ဝေပေးသည့် 
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် တစ်ပါတည်း 
ထည့်သွင်းဖော်ပြထားခြင်းမရှိသော်လည်း 
သီးခြားစာမျက်နှာလေးမျက်နှာပါစာရွက်ဖြင့် 
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့်အတူ ထုတ်ပေးလျက်ရှိသည်။ သို့ရာတွင် 
တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်စာအုပ်ထုတ်ယူသည့် ကျောင်းသားအချို့ 
မရရှိဟုသိရသည်။ ထိုကျောင်းသားများအနေဖြင့် အထက်ပါပုဂ္ဂိုလ်များထံတွင် 
ပြန်လည်ထုတ်ယူနိုင်သည်ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ 
(အဆင့်မြင့်ပညာဦးစီးဌာန-အောက်မြန်မာပြည်) မှ တာဝန်ရှိသူတစ်ဦးမှပြောသည်။ 
“အဲဒီစာရွက်ကို အားလုံးရရှိအောင် ထည့်ပေးထားတယ်။ ဒါပေမဲ့ 
အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့တဲ့သူတွေအနေနဲ့ 
သက်ဆိုင်ရာတာဝန်ရှိသူတွေထံမှာ ပြန်ထုတ်ယူနိုင်ပါတယ်။ ကျွန်တော်တို့ 
အပိုအနေနဲ့ ပေးထားတာတွေ ရှိပါတယ်” ဟု 
အဆင့်မြင့်ပညာဦးစီးဌာန-အောက်မြန်မာပြည်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်များသည် ယခုနှစ်မှ 
အဆင့်မြှင့်ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် 
စုစုပေါင်း ၄၅၀ မှတ်နှင့် အထက်ရရှိသူများသာ လျှောက်ထားနိုင်သည်ဟု 
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားသည်။ တက္ကသိုလ်တစ်ခုစီတွင် 
စုစုပေါင်းကျောင်းသားဦးရေ ၂၅၀ သာလက်ခံမည်ဖြစ်ပြီး အမျိုးသားဦးရေ ၅၀ 
ရာခိုင်နှုန်းနှင့် အမျိုး သမီးဦးရေ ၅၀ ရာခိုင်နှုန်း လက်ခံသွားမည်ဖြစ်ပြီး 
သင်တန်းကာလမှာ ၆ နှစ်သာဖြစ်သည်။ သင်တန်းကာလ ၆ နှစ်လုံး 
ပြီးဆုံးအောင်မြင်သည့်အခါ B.E ဘွဲ့နှင့် B.Arch ဘွဲ့ကို တိုက်ရိုက် 
အပ်နှင်းချီးမြှင့်ပေး အပ်သွားမည်ဟု သိရသည်။
ရေးသားသူ -ကိုဟိန်း
Internet Journal 


No comments:
Post a Comment