Wednesday, August 1, 2012

ကိုယ်ဝန် ဆောင်စဉ် မဖြစ်မနေ စားရမယ့် ဖြည့်စွက် အားဆေးများ

Ever November | 8/01/2012 08:55:00 PM | Best Blogger Tips

"အန်တီရေ... သမီး မှာ ဒီလ ရာသီ မလာ လို့ ဆီးစစ် လိုက်တော့ ကလေး ရှိပြီတဲ့ သိလား။ အဲဒါ ဘာ အားဆေးတွေ စားရမလဲဟင်။ လူက တော့ နေကောင်းပါတယ်။ ဒါပေမယ့် ဈေးလေးဘာလေးထွက်ဝယ်ပြီး အိမ် ပြန်ရောက်ရင် အားမရှိတော့သလို ချည်းပဲ။ အဲဒါ သူက (သူမ၏ အမျိုး သားကို ဆိုလိုသည်) အန်တီ့ဆီ သွား မေးတဲ့" အမှန်တော့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာ မျိုးစုံ ကို ကိုယ်ဝန်ဆောင်နေစဉ်ကာလတစ် လျှောက် စားပေးနိုင်ပါက ကိုယ်ဝန် ဆောင်မိခင်တစ်ဦး လိုအပ်တဲ့ ဗီတာ မင်တွေ၊ သတ္တုဓာတ်ဆားတွေ အားလုံး ကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် အမျိုး သမီးတွေကိုယ်တိုင် အလုပ်ထွက်လုပ် ကြရတဲ့ခေတ်ကြီးမှာ အချိန်ပေးရတာ တို့၊ ဈေးနဲ့နီးနီး မနေထိုင်နိုင်ကြတာ တို့အပြင် အပျင်းထူတာရယ်၊ ကျန်းမာရေးဗဟုသုတ နည်းပါးမှုရယ် တို့ကြောင့် လုံလောက်ပြီး သင့်တင့် မျှတတဲ့ အာဟာရဓာတ် မရရှိကြပါ။ ဒါ့အပြင် ကမ္ဘာပေါ်ရှိ အမျိုးသမီးထုရဲ့ သုံးပုံပုံ တစ်ပုံလောက်မှာ ကိုယ်ဝန် ဆောင်သည်ဖြစ်စေ၊ ကိုယ်ဝန် မဆောင်သည်ဖြစ်စေ သံဓာတ်အား နည်းတဲ့ရောဂါရှိနေပါတယ်လို့ သုတေ သနပြုသူများရဲ့ အစီရင်ခံစာမှာ ဖော်ပြ ပြီးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန် ဆောင်ချိန်မှာ အထူးလိုအပ်သလို အရေးလည်းကြီးတဲ့ ဗီတာမင်များနှင့် သတ္တုဓာတ်ဆားအချို့အကြောင်း ဖော်ပြလိုပါတယ်။ အဲဒီ ဗီတာမင်တွေနဲ့ သတ္တုဓာတ် ဆားတွေကို မိမိတို့စားတဲ့ အစား အစာတွေထဲက ရရှိပါက အကောင်း ဆုံးဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ်ဝန် ရှိလာပါက ဖြည့်စွက်အားဆေးတချို့ သောက်ပေးဖို့လိုပါပြီ။ အဲဒီအားဆေး တွေထဲမှာ ပါသင့်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေကတော့-
(၁)သံဓာတ်
နဂိုကတည်းက သံဓာတ်အား နည်းသူဖြစ်ပါက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နေတာမို့ ရှေ့မှာ လာပြောပြတဲ့ အမျိုးသမီးလေး လိုပဲ အားမရှိသလို မောပန်းလာတတ် တယ်။ သွေးအားကောင်းချင်ရင် သံဓာတ်အားကောင်းစေတဲ့ အနီရောင် အသား စားပေးရပါတယ်။ အမဲ၊ ဆိတ်၊ ဝက်၊ ဆတ်သား၊ ချေသား စသည်ဖြင့်ပေါ့။ ဒါပေမယ့် ]ကျွန်မ က သက်သတ်လွတ်သမားမို့ပါ။ ဒါမှ မဟုတ် အဲဒီအသားတွေ ရှောင်ရမယ် လို့ ဗေဒင်က ဟောထားလို့ပါဆိုရင် ဖြင့် အစိမ်းရင့်ရောင် အရွက်တွေဖြစ် တဲ့ ဒန့်သလွန်ရွက်၊ ပျဉ်းတော်သိမ် ရွက်၊ ဗူးညွန့်၊ ဂေါ်ရခါးရွက်၊ ဘရိုကို လီ၊ ဆီးသီးခြောက်၊ မြေပဲဆန်၊ ပေါက် ပန်းဖြူရွက် စတဲ့ ဟင်းရွက်တွေ၊ သစ် သီးခြောက်တွေ စားရပေမပေါ့။ ဒါကြောင့် ကိုယ်ဝန်ရှိတာနဲ့ သွေးအား ကောင်း၊ မကောင်း စတင်စစ်ဆေးရ ပါတယ်။ သွေးအားနည်းရင် သင့် ဆရာဝန်က သွေးအားကောင်းဆေး တွေ ညွှန်းပေးပါလိမ့်မယ်။ အဲဒီ သံဓာတ်ကို အူက စုပ်ယူအားကောင်း စေဖို့ ဗီတာမင် ဃ က ကူညီပေးပါ တယ်။ ဒါကြောင့် ဗီတာမင် ဃ ပါ အောင် စားပေးရပါမယ်။
(၂)ဖောလစ်အက်စစ်
ဖောလစ်အက်စစ်ဟာ ကိုယ်ဝန် ဆောင်အမျိုးသမီးတွေအတွက် မရှိ မဖြစ် သောက်ရတဲ့ အားဆေးဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝန် ဆောင်စဉ် အဲဒီဗီတာမင်ဓာတ် ချို့တဲ့ လျှင် မိမိမွေးလာတော့မယ့် သားသား မီးမီးလေးမှာ မွေးရာပါ ကျောရိုး အာရုံကြောမကြီး ချို့တဲ့မှုရောဂါ ပါလာလို့ပါပဲ။ အဲဒီ အာရုံကြော ချို့တဲ့ရောဂါကို ဆေးပညာမှာ စပိုင်နာ ဘိုင်ဖစ်ဒါ (Spina Bifida) လို့ ခေါ် ပါတယ်။ လမ်းမလျှောက်နိုင်၊ ဆီး မထိန်းနိုင်နဲ့ အတော်သနားစရာ ကောင်းပါတယ်။ ဒါကြောင့် ကိုယ်ဝန် ရှိစ ပထမ ၁၂ ပတ် (ပထမ ၃ လ) တိုင်အောင် ဖောလစ်အက်စစ် အား ဆေးတစ်နေ့လျှင် ၄၀ဝ မိုက်ခရိုဂရမ် ရအောင် စားပေးရပါမယ်။ ဒါကြောင့် ကိုယ်ဝန်စရှိပြီလို့ သိတာနဲ့ ဒီဆေးကို မှီဝဲရပါမယ်။ ဖောလစ်အက်စစ် ဆေးပြားတစ်ပြားမှာ ၄၀ဝ မိုက်ခရို ဂရမ်ပါပါတယ်။ တချို့ကိုယ်ဝန်ဆောင် အားဆေးမှာ တစ်ခါတည်း ဒီပမာဏ ကို ထည့်ပေးထားတတ်ပါတယ်။ ဖောလစ်အက်စစ်ြွကယ်ဝတဲ့ အစား အစာတွေကတော့ အစိမ်းရင့်ရောင် ဟင်းရွက်များ၊ ဆန်လုံးညို၊ ဆီရီယယ်၊ နံနံပင် စသည်တို့ဖြစ်တယ်။
(၃) ဗီတာမင် C
အစားအစာထဲမှာပါတဲ့ သံဓာတ် ကို သင့်အူမှ စုပ်ယူနိုင်ဖို့ ဗီတာမင် C က ကူညီပေးပါတယ်။ ဗီတာမင် C ဓာတ်ြွကယ်ဝတဲ့ အစားအစာတွေ ကတော့ စီးထရက်ဓာတ် ပါဝင်တဲ့ သစ်သီးများ (လန့်မသွားပါနဲ့၊ ရိုးရိုး လေးပါ။ ရှောက်၊ သံပရာ၊ လိမ္မော် မျိုးနွယ်ဝင် သစ်သီးများဖြစ်ပါတယ်)။ ခရမ်းချဉ်သီး၊ ဘရိုကိုလီ၊ ငရုတ်သီးပွ ကြီးများ၊ အာလူးများနှင့် အချဉ် ဓာတ်ပါသော သဘာဝသစ်သီး ဖျော်ရည်စစ်စစ်တွေပါပဲ။ ဒါကြောင့် သံဓာတ်အားနည်းလို့ မောမော နေရင် အားကုန်နေရင် သံဓာတ်ပါတဲ့ အစားအစာအပြင် သစ်သီးအချဉ် ဖျော်ရည်ပါ သောက်ပါ။
(၄)ကယ်လ်စီယမ်
ကလေးငယ်ရဲ့ အရိုးနှင့်သွားများ သန်မာစေရန် ကယ်လ်စီယမ်ဟာ အရေးပါလှပါတယ်။ နို့နှင့် နို့ထွက် ပစ္စည်းများ၊ ငါးနှင့် အရိုးပါ ဝါးစားနိုင် သော ငါးကလေးတွေမှာ ကယ်လ်စီ ယမ်ဓာတ်ြွကယ်ဝပါတယ်။ ဒါ့အပြင် ဆာဒင်းငါး၊ ဗာဒံစေ့၊ တို့ဟူးခေါ် ပဲပြားပျော့၊ ဆီရီယယ်၊ တရုတ်ဆီးသီး ခြောက်၊ ရေသဖန်းသီးတို့မှာ ကယ်လ် စီယမ်ြွကယ်ဝတယ်။ ဒါ့အပြင် မှိုနတို၊ ကိုက်လန်၊ ဘရိုကိုလီတို့မှာလည်း ကယ်လ်စီယမ်ြွကယ်ဝတော့ အစားစုံ အောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီး အမျိုးမျိုး စားနိုင်လေ ကောင်းလေပါပဲ။ ကိုယ်ဝန်ဆောင်စဉ်မှာ ကယ်လ်စီယမ် ဓာတ် တစ်နေ့ ၁၅၀ဝ မီလီဂရမ် လိုပါတယ်။
(၅) ဗီတာမင် D
ဝမ်းကြာတိုက်ထဲက ကလေးငယ် အတွက် အရိုးနှင့် သွားများ သန်မာ စေရန် ဗီတာမင် D လိုအပ်ပါတယ်။ ဗီတာမင် D က လူ့ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်နှင့် ဖော့စဖိတ်ပမာဏ ကို ထိန်းညှိပေးပါတယ်။ မြန်မာတွေ အဖို့ နေရောင်ခြည်ရတဲ့ ဒေသမှာ နေထိုင်ရတာကြောင့် နေရောင်ခြည်က အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ပြီး ဗီတာမင် D ကို ထုတ်စေနိုင်တာမို့ နေရောင်ခြည်ဟာ ဗီတာမင် D အကောင်းဆုံးအရင်းအမြစ်ဖြစ်ပါတယ်။
သက်သတ်လွတ်သမား
သတိထားစရာ
သက်သတ်လွတ်စားတဲ့ အမျိုး သမီးတွေမှာ ကိုယ်ဝန်ဆောင်ရင် ဟင်းသီးဟင်းရွက် အမျိုးစုံကို လှည့် စားပေးရန်လိုပါတယ်။ ဒါပေမယ့် ဗီတာမင် B ၁၂ နှင့် သံဓာတ်ကို ရဖို့ တော့ အနည်းငယ် အခက်အခဲရှိတတ် တယ်။ ဒါကြောင့် သံဓာတ်နဲ့ B ၁၂ ဓာတ်ပါတဲ့ အားဆေးကိုစားရန် သင့် ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။
Health Digest

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1