ကွန်ပျူတာတက္ကသိုလ်များထဲမှ ကွန်ပျူတာတက္ကသိုလ်အချို့ကို အဆင့်မြင့်နည်းပညာတက္ကသိုလ် (Centre of Excellence) များဖြစ်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်များကဲ့သို့ မကြာမီအချိန်အတွင်း အဆင့်တိုးမြှင့်ဖွင့်လှစ်သွားမည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှသိရသည်။
ထိုသို့ ကွန်ပျူတာတက္ကသိုလ်အချို့ကို အဆင့်မြင့်ကွန်ပျူတာ တက္ကသိုလ် 
(Centre of Excellence) များအဖြစ် အဆင့်တိုးမြှင့်နိုင်ရန်အတွက် 
ကွန်ပျူတာတက္ကသိုလ်များမှ ဆရာကြီး၊ ဆရာမကြီးများနှင့် 
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ပညာရှင်များ၊ ပြင်ပမှ ကွန်ပျူ 
တာကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် 
အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်များတွင် နိုင်ငံတကာစံချိန်စံညွှန်းများ၊ 
ပြည်တွင်း၊ ပြည်ပ ဈေးကွက်လိုအပ်ချက်များ၊ လက်တွေ့အသုံးကျပြီး 
ခေတ်မီအသုံးတည့်သည့် သင်ရိုးညွှန်းတမ်းများကို သင်ကြားနိုင်ရန်အတွက် 
ရေးဆွဲလျက်ရှိသည်ဟုလည်း သိရသည်။
ရေးသားသူ -ကိုဟိန်း
Internet Journal 


No comments:
Post a Comment