ကမ္ဘာတစ်ဝန်းရှိ ဟိုတယ်အခန်းပေါင်း ၄ သန်းကျော်တွင် အသုံးပြုလျက်ရှိသည့် Onity ၏ ဟိုတယ်တံခါးသော့ကတ်များတွင် လုံခြုံရေးစနစ်ကို ရှောင်လွှဲစေနိုင်သည့် အားနည်းချက်များရှိကြောင်း Mozilla developer နှင့် လုံခြုံရေးသုတေသီဖြစ်သူ Cody Brocious ၏အဆိုအရသိရသည်။ ထို့အပြင် အမေရိကန်ဒေါ်လာ ၅၀ အောက်တန်ဖိုးရှိသည့် အရာများကို gadget တစ်ခုအဖြစ်တည်ဆောက်ကာ
အဆိုပါ ဟိုတယ်တံခါးများ၏ လုံခြုံရေးစနစ်များကို ရှောင်လွှဲနိုင်ကြောင်း 
Brocious ကပြောကြားခဲ့သည်။ Brocious ၏ device သည် တံခါးသော့များကို 
ထိန်းချုပ်ရာတွင် သုံးလေ့ရှိသည့် protable programming device 
တစ်ခုဖြစ်ကြောင်း၊ အဆိုပါ device ကို တံခါးသော့၏အောက်ဘက်ရှိ DC power 
တစ်ခုတွင်တပ်ဆင်ကာ ပါဝါဖွင့်လိုက်ရုံဖြင့် 
ဟိုတယ်တံခါးသော့များကိုဖွင့်နိုင်ကြောင်း သိရသည်။ Arduino operating system
 ကိုအခြေခံကာ ပြုလုပ်ထားသည့် အဆိုပါ device ကို ဟိုတယ်အခန်းတံခါးများကို 
ထိန်းချုပ်ထားသည့် master key များ အသွင်ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ 
ဟိုတယ်သော့ကတ်များရှိ အားနည်းချက်မှာ သော့၏ memory ကို မည်သည့် device 
နှင့်မဆိုဖတ်နိုင်ရန်အတွက် ခွင့်ပြုထားခြင်းကြောင့် 
ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။ မစ္စတာ Brocious သည်အထက်ပါ 
ဟိုတယ်သော့ကတ်လုံခြုံရေးစနစ် ရှောင်လွှဲမှုကို Forbes 
သတင်းဝက်ဘ်ဆိုက်နှင့်အတူ စမ်းသပ်ပြသခဲ့သည်။ သို့ရာတွင် 
စမ်းသပ်လုပ်ဆောင်မှုမှာ အပြည့်အ၀အောင်မြင်ခဲ့ခြင်းမရှိဘဲ 
နယူးယောက်ခ်မြို့ရှိ ဟိုတယ်သုံးခု၏ တံခါးသုံးခုအနက် တစ်ခုကိုသာ 
စမ်းသပ်ပြသနိုင်ခဲ့ကြောင်း သိရသည်။
ရေးသားသူ -နောင်နောင်
Internet Journal 


No comments:
Post a Comment