Wednesday, August 1, 2012

မီးလောင်သွားသော ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ၀ါတွင်းသုံးလ သီတင်သုံးဆောင်နိုင်ရန် ယာယီကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်း

Ever November | 8/01/2012 09:00:00 PM | Best Blogger Tips

ရခိုင်တွင် ဘင်္ဂလီမူဆလင်များ၏ အကြမ်းဖက်မှုကြောင့် မီးလောင်ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ ၀ါတွင်းသုံးလ သီးတင်သုံးနိုင်ရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်များက ယာယီကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်တွင် ဆူပူအကြမ်းဖက်မှုကြောင့် စစ်တွေနှင့် မောင်တောတွင် ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်း မီးလောင်ပျက်စီးသွားရာ သံဃာတော် ၄၅ ပါးမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ဘေးလွတ်ရာသို့ ရှောင်တိမ်း သီးတင်းသုံးနေရခြင်းဖြစ်ပြီး အဆိုပါသံဃာတော်များ ၀ါဆိုဝါကပ်အမှီ ယာယီသီတင်းသုံးနိုင်ရန် တပ်မတော်မှ သီတင်းတစ်ပတ်နှင့် အပြီးဆောက်လုပ်ခဲ့ကြောင်း သိရသည်။
မီးလောင်သွားသော ဘုန်းတော်ကြီးကျောင်းတည်ရှိရာ ရပ်ကွက်ရှိ အိမ်များလည်း မီးလောင်ပျက်စီးသွားသဖြင့် ပစ္စည်းလေးပါး လှူဒါန်းနေကျ ဒါယိကာ၊ ဒါယိကာမများ အတည်တကျ ပြန်လည် မဖြစ်နိုင်သေးသောကြောင့် ယာယီသီတင်းသုံးနေသော သံဃာတော်များ ၀ါတွင်းသုံးလစာ ဆွမ်းကိစ္စအတွက် လိုအပ်ချက်များကိုလည်း လှူဒါန်းခဲ့ကြောင်းသိရသည်။
မီးလောင်ပျက်စီးသွားသော ကျောင်းများရှိ သံဃာတော်များ ယာယီသီတင်းသုံးနိုင်ရန် ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ၃၃.၅ သိန်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုမှ ၁၁၂.၃ သိန်း၊ အလိုတော်ပြည့် ဆရာတော်မှ သိန်း ၁၅၀၊ မြင့်ဘရားသား(စ်) သစ်ကုမ္ပဏီမှ ၃၅.၁၅ သိန်း၊ ဦးကျောက်တောင် (တောင်ကုတ်) ၂၅သိန်း၊ ဦးမြတ်သူ( မျိုးသိန်းပွဲရုံ ဘုရင့်နောင်မှ သိန်း ၂၀၊ ဗိုလ်မှူးကြီး မိုးအောင် (ဓည၀တီ ရေတပ်စခန်း ဌာနချုပ်) မှ ၅သိန်း စုစုပေါင်း ၃၈၀.၉၅ သိန်း ပါဝင်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းပြီး လွှဲအပ်ပွဲအခန်းအနားကို ဇွန်လ ၃၁ ရက်နေ့က စစ်တွေမြို့ နာဇီရပ်ကွက် ပရိယတ္တိပျိုးခင် ယာယီကျောင်းဆောင်သစ်တွင် ကျင်းပပြုလုပ်ပြီး၊ မောင်တောမြို့နယ်တွင်လည်း အဆိုပါနေ့၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇွန်လက ဘင်္ဂလီမူဆလင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်တွေ မင်းဂံရပ်ကွက် (၁၃)ရှိ ဇေယျသိဒ္ဓိကျောင်း၊ မင်းဂံ ရပ်ကွက် (၁၇) ရှိသိန္ဓိ္ဓကျောင်း၊ နာဇီရပ်ကွက်ရှိ ပရိယတ္တိပျိုးခင်းစာသင်တိုက်၊ ဇေယျမင်္ဂလာကျောင်း၊ ရွှေဗိမာန်ကျောင်း၊ မောင်တောတွင် ရွှေရင်အေးကျောင်း၊ ကံသာယာ(အလယ်)ကျောင်း၊ ဗောဓိကုန်းကျောင်း၊ ခရေမြိုင် ကျောင်း၊ ကင်းချောင်းကျောင်း၊ သရေကုန်ဘောင်ကျောင်း၊ ကိုင်းကြီးကျောင်းနှင့် မောရ၀တီကျောင်း စုစုပေါင်း ဘုန်းတော်ကြီး ကျောင်း ၁၄ ကျောင်းများပျက်စီးခဲ့ရပြီး ကျောင်းနေ သံဃာတော်များမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။
Arakan Times

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1