Wednesday, August 1, 2012

လမ်းမပေါ်က အကြွေပန်းများ

Ever November | 8/01/2012 09:37:00 PM | Best Blogger Tips

အစ်မ ခေါင်းလျှော် မလား၊ မျက်နှာလည်း ဆေးပေးတယ်“ ဟူသော စကား သံလေးနှင့် အတူ အလှပြင်ဆိုင် အတွင်းရှိ မိန်းကလေးငယ် လေးက ဧည့်ဝတ် ပျူငှာစွာ ကြိုဆို လေသည်။ ဆိုင်၏ ရှေ့မျက်နှာစာတွင် အလှပြင်ဆိုင်ကဲ့သို့ ဆံပင်ညှပ်ခုံတစ်ခုံ ချထား သော်လည်း ယင်းလိပ်ကာရံထားသော ဆိုင်အနောက်ဘက်ခြမ်းသည်ကား မှောင်နေလေသည်။ ထိုအမှောင်ခန်းသည် အနှိပ်ခန်းပင် ဖြစ်လေသည်။
အလှပြင်ဆိုင်ဟု နာမည်တပ်ထား သော်လည်း တကယ်တမ်းတော့ ခေါင်း လျှော်၊ မျက်နှာသစ်လို့သာရသော နေရာ တစ်ခုဖြစ်သည်။ ထိုဆိုင်၏ အဓိကရပ် တည်ချက်မှာ အလှပြင်ဆိုင် မဟုတ်ဘဲ အနှိပ်ခန်းတစ်ခုသာ ဖြစ် သည်။ ထိုအနှိပ်ခန်းတွင် မြန်မာမလေး လေး ယောက်နှင့် တိုင်းရင်းသူလေး ခြောက် ယောက်ရှိကြောင်း ပူတာအိုမှလာသော သွယ်သွယ်က ကချင်သံဝဲဝဲနှင့် ဆိုလေ သည်။ “သမီး ဒီဆိုင်ကိုရောက်တာငါးလပဲ ရှိသေးတယ်။ မပျော်ဘူး။ အိမ်ပြန်တော့မှာ” ဟု သွယ်သွယ်က ပြောလေသည်။
ကချင်မလေး သွယ်သွယ်သည် အသက် ၁၉နှစ်သာ ရှိသေးသည်။ မွေးချင်း နှစ်ယောက်သာရှိသော မိသားစုတွင် အ တန်းပညာဆက်လက်သင်ယူရန်အတွက် ဆိုင်မန်နေဂျာက ရန်ကုန်သို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ “အစကတော့ ကျောင်းတက်မလို့ဘဲ အစကတည်းက စာကိုစိတ်မဝင်စားဘူး။ ဒီရောက်တော့လည်း ကျောင်းမတက်ချင် ဘူး။ ဆိုင်က အစ်မအိမ်မှာ နေရင်းနဲ့ နောက်တော့ဒီရောက်လာတာ”ဟုဆိုသည်။
သွယ်သွယ်သည် ပူတာအိုမြို့တွင် နေထိုင်သော ကချင်မလေးဖြစ်သည်။ ၈တန်းထိ စာသင်ကြားခဲ့သော်လည်း ပြင်ပ အတတ်ပညာ မရှိသောကြောင့် ယခုလို အနှိပ်ခန်းတွင် အနှိပ်သမလေး အဖြစ်နေ ထိုင်ရခြင်းဖြစ်သည်။ တခြားအလုပ်လုပ် ကိုင်ရန်အတွက်လည်း ဗဟုသုတမရှိ။ လုပ် ကိုင်၍ ရသည်ကိုလည်း တွေးမိဟန်မတူ ပေ။“အင်္ကျီချုပ်တာ စိတ်ဝင်စားတယ်။ ဘယ်သွားသင်ရမှန်းမသိဘူး”ဟု သွယ် သွယ်၏ သူငယ်ချင်းမလေးက ကြောက် ရွံ့သည့်ဟန်နှင့် ဆိုသည်။ သွယ်သွယ်က “အပြင်ထွက်ချင်ရင် ထွက်လို့ရတယ်။ ဒါပေမယ့် ဆိုင်မန်နေဂျာ အစ်မကြီးရဲ့ညီမက လိုက်ပို့ပေးတယ်။ အဲဒီ အစ်မကြီးမပါဘဲ မထွက်ရဘူး”ဟု ထို အနှိပ်ခန်း၏ စည်းကမ်းကို ပြောပြသည်။ တစ်လတွင် ခွင့်နှစ်ရက် ယူခွင့်ရှိသော် လည်း ပူတာအိုမြို့သို့ပြန်ရန် မလုံလောက် သောကြောင့် အိမ်သို့မပြန်ရပေ။ လစာအ ဖြစ် တစ်လကို ကျပ် ၁၂၀ဝ၀ နှင့် လူတစ် ယောက်ကိုနှိပ်လျှင် ကော်မရှင်ခ ၆၀ဝ ရ လေသည်။ သွယ်သွယ်နေထိုင်ရာ ထိုအနှိပ် ခန်းသည် သက်ဆိုင်ရာရဲစခန်းကို လိုင်း ကြေးပေးပြီး ဖွင့်ထားကာ သူမတို့အားလုံး ကိုလည်း ဧည့်စာရင်းတိုင်ကြားပေးသည် ဟုဆိုသည်။
နေစရိတ်နှင့် မနက်စာ ကျွေး သော်လည်း ညစာဝယ်စားရသောကြောင့် သူမ၏လစာကို အိမ်သို့ပြန်မပို့နိုင်ဟု သွယ်သွယ်က ပြောပြလေသည်။ “စာလည်းမတတ်ဘူး။ တခြားအလုပ် လည်း မလုပ်တတ်ဘူး။ ဘယ်မှလည်း မသွားတတ်ဘူး။ ဒီအခန်းထဲမှာပဲနေတယ်။ အိမ်ကို သတိရတယ်။ အိမ်ပြန်ပြီး ကောက် စိုက်တော့မယ်”ဟု သူမကအိမ်ကိုသတိတ ရနှင့် ပြောသည်။ အနှိပ်ခန်းရှိ မိန်းကလေးတို့သည် မိမိ တို့၏ ဘဝမှန်ကို ဖုံးကွယ်၍မိသားစုတွင် နေထိုင်ကြသူများ ဖြစ်ကြလေသည်။ ထို ဘဝမှ ရုန်းထွက်လိုစိတ်ရှိဟန်လည်းမတူ ပေ။ ထိုဆိုင်ရှိ အလုပ်သမလေးတို့သည် လှပကြော့ရှင်းမှုနှင့်အတူ ပြုံးပျော်ရွှင်လို့နေကြလေသည်။ “အိမ်က ဒါလုပ်နေတယ်လို့ ဘယ် သိမလဲ။ အလှပြင်ဆိုင်မှာ လုပ်တယ်။ ဆံ ပင်ပြင်တာ သင်နေတယ်ပဲ ထင်တာ”ဟု သွယ် သွယ်ကဆက်၍ ရှင်းပြလေသည်။
ရန်ကုန်မြို့ပြကြီးတွင် အလှပြင်ဆိုင် အမည် ခံပြီး ဖွင့်လှစ်ထားသော တရားမဝင်အနှိပ် ခန်းများထောင်ချီရှိသည်။ ထိုအနှိပ်ခန်း များတွင် ပညာရေးတစ်ပိုင်းတစ်စနှင့် ဘဝ ဆုံးနေကြသောမိန်းကလေးငယ်များထောင် သောင်းမက ရှိနေကြလေသည်။ “ကျွန်တော် အနှိပ်ခန်းကို ပထမဆုံး ရောက်တုန်းက အဲဒီနေရာက ဘာလဲဆို တာနားမလည်ဘူးဗျ။ သူငယ်ချင်းတွေက ခေါ်သွားတာ။ ကြမ်းပြင်မှာ တစ်ယောက် အိပ်မွေ့ရာတွေ ချထားတယ်။ တစ်ခုနဲ့တစ်ခုကြားမှာ လိုက်ကာတွေ ကာထား ပေးတယ်။ မီးက ထွန်းထားတယ်ဆိုရုံ လေးပဲ ထွန်းထားတာ။ တစ်ဆက်ရှင်ကို ၄၅ မိနစ်ကြာတယ်။ တစ်ဆက်ရှင်ပြည့်ဖို့ ၁၅ မိနစ်လောက်ပဲ လိုတော့တယ်ဆို ဆက် မနှိပ်တော့ဘူး။ ဘေးမှာပဲ လာအိပ်နေတာ။ ကိုယ်က ဈေးညှိလို့ အဆင်ပြေတယ်ဆိုရင် နောက်တစ်ဆက်ရှင် ထပ်ယူရတယ်။ တစ် ဆက်ရှင်ကို ၄၀ဝ၀ က အနည်းဆုံးပဲ။ ကောင်မလေးတွေက သန့်ကြတာ များ တယ်။ တချို့ဆို ချောချောလေးတွေ ထင် တောင်မထင်ရဘူး”ဟု အနှိပ်ခန်းသို့ရောက် ခဲ့ဖူးသူတစ်ဦးက ဆိုသည်။
ကျန်းမာရေး အထောက်အကူပြု အနှိပ်ခန်းများကို နာမည်ကြီး အဆင့်မြင့် ဟိုတယ်များတွင် တရားဝင်ဖွင့်လှစ်ထား သော်လည်း မြို့နယ်နှင့် ရပ်ကွက်များတွင် တော့ အလှပြင်ဆိုင်လိုင်စင်ဖြင့် ဖွင့်လှစ် ထားကြလေသည်။ သို့သော် ထိုအနှိပ်ခန်း များသည် ကျန်းမာရေးအထောက်အကူပြု အနှိပ်ခန်းများ မဟုတ်ကြဘဲ ပြည့်တန်ဆာ လုပ်ငန်းများသာ ဖြစ်ကြလေတော့သည်။ မိသားစုလိုက် သွားလို့ရသော တန်ဖိုးနည်း အနှိပ်ခန်းများ ရှိသော်လည်း အရေအတွက် အားဖြင့် နည်းပါးလေသည်။ “သမိုင်းလမ်းဆုံက အနှိပ်ခန်းဆိုရင် တစ်ယောက်ခန်းလေးတွေနဲ့ဟ။ တစ်နာရီ ကို ၈၀ဝ၀ ပေးရတယ်။ ကောင်မလေးတွေ လည်း အများကြီးပဲ”ဟု အနှိပ်ခန်းများနှင့် ပတ်သက်ပြီး သတင်းယူဖူးသောသတင်း ထောက်တစ်ဦးက ပြောပြလေသည်။
“လူနည်းတဲ့နေ့တွေဆိုရင် ကောင်မ လေးတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရ တယ်။ လူများတဲ့နေ့တွေဆိုရင်တော့ ရှိတဲ့ ကောင်မလေးနဲ့ပဲ အနှိပ်ခံရတာပဲ”ဟု ထိုနေ ရာများနှင့်ရင်းနှီးကျွမ်းဝင်သော အမျိုးသား များက ဆိုကြသည်။ ထိုအနှိပ်ခန်းများတွင် ပြည့်တန်ဆာ မလေးများ(သို့) အနှိပ်သမလေးများအဖြစ် လုပ်ကိုင်ကြသူအများစု၏ အားနည်းချက် မှာ ပညာရေးနှင့် ငွေအခက်အခဲကြောင့်ပင် ဖြစ်သည်။ မိသားစု၏စားဝတ်နေရေး ကြောင့် သော်လည်းကောင်း၊ ခေတ်ပေါ် ပစ္စည်းများဝယ်ယူလိုသောအခါတွင်လည်းကောင်း ငွေနောက်လိုက်ရင်း ဘဝပျက်ကြ ရသည်။ လမ်းပေါ်တွင် ပြည့်တန်ဆာအဖြစ် ရပ်တည်နေရသော မဝေဝေက “မိသားစုကို ငွေပို့ဖို့လည်း လိုလာတယ်။ ပညာရေး မပြည့်စုံတော့ ငွေရှာရတာခက်ခဲတယ်။ ကြာလာတော့ ငွေရှာလို့လွယ်တဲ့ လမ်း ကိုလိုက်ရင်း ဒီဘဝရောက်တာပဲ”ဟု ရင်ဖွင့် လေသည်။ မြန်မာနိုင်ငံတွင် ဘွဲ့ရ အလုပ်လက်မဲ့ ပြဿနာ၊ ပညာမတတ် အလုပ်လက်မဲ့ ပြဿနာ စသည်တို့၏ အကျိုးဆက် သည် လမ်းကြိုလမ်းကြားများတွင်အနှိပ် ခန်းများ၊ ပြည့်တန်ဆာမလေးများပေါ များလာခဲ့လေသည်။ စာသင်ခန်းနှင့် ဝေး ကွာခဲ့မှုတို့ကြောင့် အသိပညာတို့လည်း ခန်းခြောက်ခဲ့ရလေသည်။
သူတို့ဘဝတွေ ကို ကာကွယ်ပေးမည့်၊ အားကိုးရမည့်နေရာ များနှင့် ဥပဒေတို့လည်းမရှိကြ။ ထို့ပြင် လူလိမ်အမြတ်ကြီးစားတို့က ဝေးကွာသော ဒေသတို့မှ အရွယ်မရောက် သေးသော မိန်းကလေးနှင့် ကလေးငယ် တို့၏ အားနည်းချက်များအား အသုံးချ ကာစာသင်ပေးမည်၊ အလုပ်ပေးမည် ဟုဆို ကာခေါ်ဆောင် ခိုင်းစေလျက်ရှိကြသည်။ ထို့ကြောင့် နယ်စပ်ဒေသမှ မိန်းက လေးများ၊ မြန်မာစကားကိုနားမလည် သည့်တိုင်းရင်းသားတို့အားအကာအကွယ် ပေးရန် ဥပဒေများ၊ အသိပညာများ၊ အတတ်ပညာများ လိုအပ်နေကြောင်းကို ထို အနှိပ်ခန်းမှ စကားသံတို့က ညွှန်ပြနေ လေပြီ။ ထို့အတူ အလှပြင်ဆိုင် အမည်ခံယူ ထားသော ထိုအနှိပ်ခန်းတို့အတွက်လည်း တင်းကျပ်သော ဥပဒေ၊ ထိရောက်သော လုပ်ဆောင်ချက်တို့လည်း အလျင်အမြန် လိုအပ်နေပြီဖြစ်သည်။ နောက်ဆုံးပေါ်ပစ္စည်းတို့ ထွန်းကား ရာ၊ မိန်းကလေးများ စကပ်တိုရာ၊ လမ်း ဘေးတွင် ကလေးငယ်နှင့်သက်ကြီးရွယ်အို တို့ပေါများရာ ရန်ကုန်မြို့၏လမ်းမထက် တွင်တော့ မိုးများသည်းလျက်ပင်ရှိနေတော့ သည်။ ထိုမိုးများ စဲလျှင်တော့ နေရောင် ပေါ်ထွက်ရစမြဲပါ။
ခင်နှင်းကြည်သာ
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1