Wednesday, August 1, 2012

မလေးရှားရေနံတင်သင်္ဘော မီးလောင်

Ever November | 8/01/2012 09:48:00 PM | Best Blogger Tips

မလေးရှားနိုင်ငံ အရှေ့ပိုင်း ကမ်းလွန်ကျွန်းတစ်ကျွန်းအနီးတွင် ရေနံတင်သင်္ဘောတစ်စင်း မီးလောင်မှု ဖြစ်ပွားရာ သင်္ဘောသားငါးဦး သေဆုံးခဲ့ကြောင်း၊ အချို့ ပျောက်ဆုံးလျက်ရှိကြောင်း ဇူလိုင် ၃၁ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ ငါးဦးမြောက် တွေ့ရှိရသည့်သူမှာ အသက် ၂၀ အရွယ်ရှိ မိုဟာမက်နာဇရင်ဖြစ်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှဖြစ်သည်။ ၄င်း၏ ရုပ်အလောင်းကို မီးလောင်နေသည့် သင်္ဘောအတွင်းပိုင်း၌ ပိတ်မိသေဆုံးနေသည်ကို တွေ့ရှိရသည်။ အဆိုပါ သင်္ဘောသည် မလေးရှား နိုင်ငံတကာသင်္ဘောကော်ပိုရေးရှင်း (MIS)မှ ပိုင်ဆိုင်သည့် အမ်တီဘန်ဂါအယ်ပီနီရာ သင်္ဘောဖြစ်သည်။ ၄င်းသင်္ဘောသည် လာဘန်ကျွန်းအနီးတွင် မုန်တိုင်းဒဏ်ခံရပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 
(အင်တာနက်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1