Wednesday, August 1, 2012

တိုင်ဖွန်းဆာအိုလာ ထိုင်ဝမ်သို့ ဦးတည်လျက်ရှိ

Ever November | 8/01/2012 02:30:00 PM | Best Blogger Tips

ထိုင်ဝမ်နိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်း ဆာအိုလာ ဦးတည်ရွေ့လျားလာနေပြီး မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်ဝမ်အာဏာပိုင်များက ယနေ့ သတိပေးချက် ထုတ်ပြန်ထားကြောင်း Bangkok Post က ဖော်ပြသည်။ တိုင်ဖွန်းဆာအိုလာသည် ဖီလစ်ပိုင်နိုင်ငံသို့ ကနဦး ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသည်းထန် ရေကြီးမှုများကြောင့် လူ ၈ ဦးသေဆုံးခဲ့သည်။
ဆာအိုလာ မုန်တိုင်းသည် ယခုနှစ် မုန်တိုင်းရာသီတွင် ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည့် တိုင်ဖွန်းမုန်တိုင်း အခု(၂၀)အနက် သတ္တမမြောက်ဖြစ်သည်။ ဆာအိုလာ ဆိုသည်မှာ ဗီယက်နမ်နှင့် လာအိုတို့တွင် တွေ့ရှိရသည့် ရှားပါးသော နို့တိုက်သတ္တဝါ တစ်မျိုး၏ အမည်ကို အစွဲပြု မှည့်ခေါ်ထားခြင်းဖြစ်သည်။
Planet

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1