Wednesday, August 1, 2012

နေပြည်တော်ငါးသိန်းဖုန်း မက်ဆေ့စ် အခမဲ့ ပို့နိုင်မည် မဟုတ်ဟုဆို

Ever November | 8/01/2012 09:11:00 PM | Best Blogger Tips

နေပြည်တော် ငါးသိန်းတန် ဖုန်းဟု ခေါ်သည့် ဝ၉-၄၉ . . .ဖြင့် စသော CDMA 450 MHz ဖုန်း များ မက်ဆေ့စ် အခမဲ့ ပို့နိုင်သည့် သတင်းမှာ ကောလလဟလ သာဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းလက်အောက်ရှိ ရတနာပုံ ကောစင်တာမှ တာဝန်ရှိသူက ပြော ကြား သည်။ “အဲဒီသတင်းက မဟုတ်ဘူး၊ မက်ဆေ့စ်ပို့ရင် တစ်မိနစ် ၂၅ ကျပ် ကို ဖုန်းဘေလ်ထဲက ဖြတ်ပါတယ်” ဟု ၄င်းကဆိုသည်။
သို့သော်လည်း မြန်မာနိုင်ငံ တွင်အကြီးဆုံးဟုဆိုသည့်ရတနာပုံ ဝက်ပေါ်တယ်တွင် ဇူလိုင် ၂၉ ရက် နေ့က နေပြည်တော် စီဒီအမ်အေ ဖုန်းဖြင့် စာတိုများ အခမဲ့ပို့နိုင်သည် ဟုဖော်ပြခဲ့သည်။ နေပြည်တော် စီဒီအမ်အေဖုန်း ကိုင်ဆောင်သူတစ်ဦးကလည်းဟုတ် မှန်ခြင်းမရှိကြောင်း မက်ဆေ့စ် တစ်ခါ ပို့ပါက ၂၅ ကျပ်ကျကြောင်း ပြော ကြားသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး မိုဘိုင်းဖုန်းဖြစ်သည့်GSM ဖုန်းများ ကို ၂၀ဝ၀ ပြည့်နှစ်တွင် စတင်ခွင့်ပြု ခဲ့ပြီး ပြင်ပပေါက်ဈေးကျပ်သိန်း ၃၀ဈေးပေါက်ခဲ့သည်။ ယင်းနောက် ၂၀၁၀ ဒီဇင်ဘာလမှ စတင်ကာ ကျပ် ငါးသိန်းတန်CDMA 800 MHz ၊ 450 MHz ဖုန်းများကို ရောင်းချခဲ့ခြင်းဖြစ်သည်။
ရဲရင့်မိုးအောင်
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1