Tuesday, October 9, 2012

တောင်ကိုရီးယားစက်ရုံတစ်ရုံမှ အဆိပ်ဓာတ်ငွေ့ရည်များထွက်

Ever November | 10/09/2012 04:20:00 PM | Best Blogger Tips

တောင်ကိုရီးယားနိုင်ငံ ဂူမီမြို့အရှေ့တောင်ပိုင်းတွင် ဓာတုသိုလှောင်ကန်တစ်ခုမှ အဆိပ်ဓာတ်ငွေ့ရည်များ ယိုစိမ့်ထွက်ရှိနေမှုကြောင့် ယင်းဧရိယာကို ဘေးအန္တရာယ်ကျရောက်ရာ နယ်မြေအဖြစ် တောင်ကိုရီးယား အာဏာပိုင်များက သတ်မှတ်လိုက်ကြောင်း အောက်တိုဘာ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။ ဂူမီမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်က ဓာတုပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း အက်စစ်ရှစ်တန်ခန့် တဖြည်းဖြည်း ယိုစိမ့်ထွက်နေခဲ့ရာမှ ဒေသခံများ၏ ကောက်ပဲ သီးနှံများနှင့် မွေးမြူရေး လုပ်ငန်းများ ထိခိုက်မှု ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဓာတုစက်ရုံ ပေါက်ကွဲမှုကြောင့် လူငါးဦး သေဆုံးခဲ့ပြီး အနီးဝန်းကျင်၌ နေထိုင်သူ ဒေသခံ၃၀၀ ကျော်အားကျန်းမာရေးစစ်ဆေးမှုများနှင့် ဘေးကင်းလုံခြုံမှုများ
 ပြုလုပ်ပေးလျက်ရှိသည်။ အဆိုပါ ဧရိယာအတွင်း အထူးဘေးကင်းလုံခြုံမှုကို အမျိုးသားအဆင့် တိုးမြှင့်ကာ တောင်ကိုရီးယား အာဏာပိုင်များက ကြိုးစားဆောင်ရွက်လျက် ရှိသည်။ ထိုစက်ရုံ ပေါက်ကွဲမှုကြောင့် ဂူမီအမျိုးသား စက်မှုဇုန်တွင် ထိခိုက်ပျက်စီးမှုမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်းခန့်ရှိကြောင်း သိရသည်။ ယင်းဓာတုစက်ရုံ ပေါက်ကွဲမှုကြောင့် စိုက်ပျိုးမြေဟက်တာ ၂၀၀ ခန့် ထိခိုက်ပြီး မွေးမြူရေးတိရစ္ဆာန် ၃၂၀၀ ခန့် သေဆုံးခဲ့သည်။စက်ရုံနှင့်အနီးဆုံးဒေသခံ ကျေးရွာသား၃၀၀အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့
ရသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1