Tuesday, October 9, 2012

ပြစ်ဒဏ်ဘော ကန်ရန် ဘာလော့တယ်လီနှင့် စကား ပြောခဲ့ရသေးကြောင်း ကိုလာရော့ဗ် ဖွင့်ဟ

Ever November | 10/09/2012 10:16:00 AM | Best Blogger Tips
ပြစ်ဒဏ်ဘော ကန်ရန် ဘာလော့တယ်လီနှင့် ယှဉ်ပြိုင်ခဲ့ရသည့် ကိုလာရော့ဗ်

ဆန်းဒါးလန်းနှင့် ပွဲတွင် မိမိသည် ပြစ်ဒဏ်ဘော ကန်ရန်အတွက် မာရီယို ဘာလော့တယ်လီနှင့် ယှဉ်ပြိုင် ခဲ့ရသေးကြောင်း မန်ချက်စတာ စီးတီး ကစားသမား အလက်ဇန္ဒား ကိုလာရော့ဗ်က ဝန်ခံခဲ့သည်။
ဆာဘီးယား လက်ရွေးစင် ဘယ်နောက်ခံ လူသည် (၃-၀)ဖြင့် အိမ်ကွင်းတွင် အနိုင်ရသော ပွဲစဉ်၌ မန်စီးတီး အတွက် ဦးဆောင်ဂိုးကို ပွဲအစ (၅)မိနစ်၌ ပြစ်ဒဏ်ဘောမှ တစ်ဆင့် တိုက်ရိုက်ကန်သွင်းကာ ရယူပေးခဲ့သည်။ ၎င်းက ပြစ်ဒဏ်ဘော ရချိန်တွင် အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဘာလော့တယ်လီကလည်း ဘောလုံးကို ရယူ ထားသဖြင့် မိမိသည် ၎င်းထံမှ အခွင့်အရေးကို တောင်းယူခဲ့ရကြောင်း ပြောကြားသွားသည်။ ဘာလော့တယ်လီနှင့် ကိုလာရော့ဗ်တို့သည် ယမန်နှစ် ဘောလုံးရာသီက အစ်တီဟတ်တွင်ပင် ဆန်းဒါးလန်းနှင့် ကစားခဲ့စဉ်ကလည်း ပြစ်ဒဏ် ဘောကန်ရန် ဘောလုံး လုခဲ့ဖူးသေးသည်။ ထိုစဉ်ကလည်း ကိုလာရော့ဗ်က ယင်းပြစ်ဒဏ်ဘောကို ဂိုးသွင်းနိုင်ခဲ့သည်။
လာဇီယို ကစားသမားဟောင်း ကိုလာရော့ဗ်က ယခုတစ်ကြိမ်တွင်မူ ယမန်နှစ်က ပွဲလောက် အချင်းချင်း ပြဿနာ မတက်ခဲ့ဟု ဆိုသည်။ "ကျွန်တော် ဘောလုံးကို ဘယ်နေရာကနေ ကန်ခွင့်ရရင် အခွင့်အရေး ပိုကောင်းမယ်ဆိုတာ ကိုယ့်ဖာသာ သိတယ်။ အဲဒါကို ဘာလော့တယ်လီကို ပြောပြတယ်။ လက်ရှိ ပြစ်ဒဏ်ဘော ရတဲ့နေရာက သူ့အတွက်ဆို ကန်ရခက်မယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။ ကျွန်တော် ကန်ခွင့်ရရင်တော့ ဂိုးသွင်းနိုင်လောက်တယ်လို့လည်း ပြောတယ်။ တကယ်လည်း ဂိုးသွင်းနိုင်ပါတယ်။ ဒါကို ရိုးရိုး ဆွေးနွေးမှု တစ်ခုလောက်ပဲလို့ သတ်မှတ်လို့တော့ ရပါတယ်"ဟု ကိုလာရော့ဗ်က အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားသွားသည်။

အသက်(၂၆)နှစ်ရှိ ကစားသမားသည် အဆိုပါ ပွဲစဉ်တွင် ခြေစွမ်းပြကာ ဆာဂျီယို အဂူရို ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးခဲ့ပြီး Man of the Matchအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1