Tuesday, October 9, 2012

"ဘယ်အလုပ်မဆို စိတ်နဲ့ပဲ လုပ်တယ်ဆိုလာသူ"

Ever November | 10/09/2012 04:18:00 PM | Best Blogger Tips

“အချစ်ဆိုသည်မှာ” ဆိုတဲ့ဇာတ်ကားမှာ ဖွေးဖွေးက ယောက်ျားဆန်တဲ့ ကောင်မလေး တစ်ယောက် ပုံစံကို ပီပြင်အောင်သရုပ် ဆောင်နေပြီး ဒီလို ဇာတ်ရုပ်မျိုးကိုလုပ်ရတာ သူ့အနေနဲ့ အားရတယ်လို့ ဆိုပါတယ်။ “အိုက်တင် အဆန်းလေးတွေလုပ်ရတာ အားရတယ်။ ဒီအထဲမှာက ဝမ်းနည်းတဲ့ပုံစံ၊ ကျေးဇူးတင်တဲ့ ပုံစံတွေဟာသမားရိုးကျလုပ် ရတဲ့ပုံစံနဲ့မတူဘူး။ ယောက်ျားဆန်တဲ့ ကောင်မလေး တစ်ယောက်ပေါ့။ မထင်မှတ်တဲ့ အပြုအမူ လုပ်တတ်သူ တစ်ယောက် ပေါ့” လို့ ပြောပါတယ်။ ဇာတ်ရုပ်တစ်ခုကို ပီပြင်အောင် ပြင်ဆင်မှု အနေနဲ့လည်း အချိန်သပ်သပ်ပေး သလို အချိန်မရဘဲ အချိန်နည်းပေမယ့် မရရအောင် လုပ် ချင်တာကို ရအောင်လုပ်တယ်လို့လည်း ဖွေးဖွေးက ဆိုပါတယ်။ ဇာတ်ရုပ်ဆန်းဆန်း လေးတွေနဲ့ ရိုက်ထားတဲ့ ဇာတ်ကားထွက် လာရင် ဘယ်လိုဖြစ်နေမလဲဆိုတာ မသိပေမယ့် ရိုက်ကူးတဲ့ အချိန်မှာတော့ ရင်ခုန်တယ်လို့ပြော တဲ့ ဖွေးဖွေး က “ဖွေးဖွေးက ဘယ်အလုပ် မဆို စိတ်နဲ့ပဲ လုပ်တာများတယ်။ ပရိသတ်ရဲ့ရင်ကို ရောက်ဖို့ ဆိုတာ ကိုယ့်ရဲ့ရင် ထဲက လုပ်မှဖြစ်မယ်လို့ ယုံကြည်တယ်။ တစ်ခါ တလေ ကိုယ်ဘယ်လောက် စိတ်တင်းပြီး လုပ်ပေမယ့်လည်း ပရိသတ်ရင်ထဲ မရောက်တာမျိုး ရှိရင်ရှိ မှာပေါ့။ အဲဒီလိုဆိုရင်လည်း အနည်းဆုံးတော့ ကိုယ့်ဘာသာ ကိုယ် အပြည့်အဝ ကြိုးစားထားတယ်ဆိုတဲ့ လိပ်ပြာလုံမှုလေး တစ်ခုရတာပေါ့”လို့ပြောပြပါ တယ်။

မေမွန်မောင်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1