Tuesday, October 9, 2012

အမြန်ဆုံးမောင်းနှင်နိုင်သည့် ကမ္ဘာ့ပထမဆုံး ရထားလမ်းပေါ် တရုတ်၌ စတင်စမ်းသပ်မောင်းနှင်

Ever November | 10/09/2012 04:13:00 PM | Best Blogger Tips

အမြန်ဆုံးမောင်းနှင်နိုင်သည့် ကမ္ဘာ့ပထမဆုံး ရထားလမ်းကို တရုတ်နိုင်ငံ၌ အောက်တိုဘာ ၈ ရက်တွင် စမ်းသပ်ရထား မောင်းနှင်မှု ပြုလုပ်နေပြီဖြစ်ကြောင်း တရုတ်အရာရှိများက ပြောကြားည်။ အဆိုပါ မြန်နှုန်းမြင့် မောင်းနှင်နိုင်သည့် ရထားလမ်းသည် တရုတ်နိုင်ငံ ပြည်နယ် သုံးပြည်နယ်ကို ဖြတ်သန်း ဖောက်လုပ်ထားပြီး ဖြစ်သည်။ ယင်းပြည်နယ်များမှာ ဟာဘင်၊ ဟေလုံကျန်နှင့် လျောင်နင်း ပြည်နယ်များ ဖြစ်သည်။ ယခုဖောက်လုပ် ထားသော မြန်နှုန်းမြင့် ရထားလမ်းပေါ်တွင် တစ်နာရီ ကီလိုမီတာ ၃၀၀ နှုန်းခန့် ရထားစမ်းသပ် မောင်းနှင်ခြင်းဖြစ်သည်။ လမ်းခရီးဘူတာများတွင် ရပ်နားချိန် အပါအ၀င် ရထားလမ်း ခရီးအကွာအဝေး ၉၂၁ ကီလိုမီတာကို လေးနာရီခန့်မျှ မောင်းနှင်နိုင်မည်ဖြစ်သည်။ ရထားစမ်းသပ် မောင်းနှင်မှု အောင်မြင်ပြီး ဘေးကင်းမှု ရှိပါက နောက်ပိုင်းတွင် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ နှုန်းအထိ အမြန်ရထားများ မောင်းနှင်နိုင်မည်ဖြစ်သည်။ ယင်းရထားလမ်းကို ချိုင်းနားနော့သန်း ရထားလမ်း ကုမ္ပဏီက တည်ဆောက် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1