Tuesday, October 9, 2012

"သြစတြေးလျကို တစ်နှစ် တစ်ခေါက်လောက်ပဲပြန် တော့မယ့် ယုဇန"

Ever November | 10/09/2012 04:11:00 PM | Best Blogger Tips

ပြည်ပမှာနေတာကြာသွားတဲ့အတွက် ပရိသတ်နဲ့ အဆက်အသွယ်ပြတ် သွားခဲ့ပြီး အခုအချိန်မှာ အရင်ကထက်နှစ်ဆပိုပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်နေပါ တယ် ဆိုတဲ့ ယုဇနက တစ်ကိုယ်တော် ကိုယ်ပိုင် သံစဉ်တေးစီးရီအတွက် ပြင်ဆင်နေပါ တယ်။ တစ်ကိုယ်တော်ကိုယ်ပိုင်သံစဉ်တေး စီးရီးနဲ့ပတ်သက်ပြီး ယုဇန ကိုမေးကြည့် တဲ့ အခါ”တစ်ကိုယ်တော်စီးရီးက လုပ်လက်စပဲ ရှိသေးတယ်။ ထည့်ဖြစ်ရင်တော့ ၁၂ပုဒ် လောက်ထည့်ဖြစ်မယ်။ လောလောဆယ် စိတ်တိုင်း ကျလာတာ ၇ပုဒ်လောက်ပဲရှိသေး တယ်။ နောက်၇ပုဒ်လောက်တော့ ထပ် ထည့်ရဦးမယ်” လို့ ယုဇနက ပြောပြပါတယ်။ တစ်ကိုယ်တော် တေးစီးရီးကို တေးရေးအနေ နဲ့လည်း သူတစ်ယောက်တည်း ရေးပြီး၊ သီ ချင်းတွေကို ရေးလက်စပဲ ရှိသေးကြောင်းနဲ့ နာမည် မပေးရသေးကြောင်း၊ တစ်နှစ်အတွင်း ထုတ်ဖြစ်ဖို့ကြိုးစား သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ယုဇနရဲ့ အိမ်ထောင်ရေး ကို မေးကြည့်တော့” အိမ်ထောင်ရေးက သာယာ ပါတယ်။ ကလေးယူဖို့ ရည်ရွယ်ထားတာတော့ရှိ တယ်။ ဒါပေမဲ့ အခုတော့ မယူဖြစ်သေး ဘူး”လို့ ယုဇနက ပြောပြပါတယ်။

သြစတြေးလျကိုတော့ တစ်နှစ်တစ် ခေါက်လောက် ပြန်ဖြစ်မယ်လို့လည်း ဆက် ပြောပါတယ်။ ပရဟိတပွဲတွေမှာ ပါဝင် ဖျော်ဖြေနေတဲ့ ယုဇနကို ပရဟိတနဲ့ ပတ်သက် ပြီးမေးကြည့်တော့”ပရဟိတ အလုပ်ကကောင်းတဲ့ အလုပ်ပါ။ အစ်မတို့ကလည်း သက်သက်ကြီး သွားမလှူဖြစ်ဘူးလေ။ ပွဲလေးတွေကြုံတဲ့ အခါမှာ ပရဟိတ အလှူပွဲ လေးတွေမှာ ကိုယ်တတ်နိုင်တဲ့ အနုပညာ အားနဲ့ ဖျော်ဖြေပေးတယ်။ ကိုယ်တတ်နိုင်တဲ့ အနုပညာကြေး ထဲ ကနေ ပြန်လှူဖြစ်တယ်။ အဲဒီအခါကျတော့ တခြားရှိုးတွေနဲ့ မတူ ဘူးလေ။အလှူပွဲ ဆိုတော့ကိုယ်လည်း ကုသိုလ် ရပါတယ်”လို့ ယုဇနက သူ့ရဲ့ ပရဟိတအပေါ် သဘောထားနဲ့ ပတ်သက် ပြီးပြောပြပါတယ်။ လတ်တလောမှာတော့ လက်ခံထားတဲ့ ပွဲတွေဆိုဖြစ်ပြီး တစ်ကိုယ်တော် ကိုယ် ပိုင် သံစဉ် စီးရီး အတွက် ပဲပြင်ဆင် နေ ကြောင်း ယုဇနက ပြောပြ ပါတယ်။
သီဟ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1