Tuesday, October 9, 2012

ရီးယဲလ်ကို (၈)မှတ် ဖြတ်ထားသော်လည်း စိတ်မချရသေးဟု မက်ဆီဝန်ခံ

Ever November | 10/09/2012 09:41:00 AM | Best Blogger Tips
ရီးယဲလ်နှင့် ပွဲတွင် ၂ ဂိုးသွင်းယူပေးခဲ့သည့် မက်ဆီ

စပိန် လာလီဂါ အမှတ်ပေး ချန်ပီယံဆု အတွက် မိမိတို့ အသင်းနှင့် ရီးယဲလ်မက်ဒရစ်၏ အားပြိုင်မှုသည် အဖြေ ထွက်မလာသေးဟု လီယွန်နယ်လ် မက်ဆီက ပြောကြားလိုက်သည်။
ဘာစီလိုနာ အသင်းသည် အိမ်ကွင်း နူးကမ့်တွင် ရီးယဲလ်ကို (၂)ဂိုးစီ သရေ ကျခဲ့ပြီးနောက် ထိုနှစ်သင်းကြား အမှတ် ကွာဟမှုသည် (၈)မှတ် ဆက်ရှိနေခဲ့သည်။ ဘာစီလိုနာသည် ရီးယဲလ်ကို အမှတ်ဖြတ်ကာ ဇယား ထိပ်ဆုံးတွင် ဦးဆောင်နေသော်လည်း ယင်းသည် ချန်ပီယံဆု အတွက် လုံလောက်သော အာမခံချက် မဟုတ်ကြောင်း အာဂျင်တီးနား လက်ရွေးစင် မက်ဆီက သတိပေး ပြောဆိုခဲ့သည်။ မက်ဆီသည် ရီးယဲလ်နှင့် သရေကျသော ပွဲစဉ်တွင် ဘာစီလိုနာ အတွက် (၂)ဂိုးလုံး သွင်းယူပေးခဲ့သည်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို (၃)နှစ်ဆက် သိမ်းယူထားသည့် မက်ဆီက "ပွဲကတော့ လှပခမ်းနားတဲ့ ပွဲကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ခြေရှိခဲ့တယ်။ တစ်ဖက်မှာလည်း သူတို့အသင်း နိုင်ခြေရှိခဲ့ပြန်တယ်"ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ "ကျွန်တော်တို့ နိုင်ပွဲလိုချင်ပေမယ့် လက်တွေ့မှာ မလွယ်ပါဘူး။ ကျွန်တော်တို့ ကစားရတာဟာ အသင်းကောင်း ရီးယဲလ်ဖြစ်ပါတယ်။ ခုချိန်မှာ ကျွန်တော်တို့ဟာ သူတို့ အသင်းကို (၈)မှတ် ဖြတ်ထားနိုင်ဆဲပါ။ ဒါပေမဲ့ ရီးယဲလ်လိုမျိုး ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းကို မေ့ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အနာဂတ်ဟာ ဘာမဆို ဖြစ်နိုင်ဆဲပါ"ဟုလည်း ပြောဆိုသွားခဲ့သည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1