Tuesday, October 9, 2012

စက်သုံးဆီရောင်းချရာ၌ အချင်အတွယ် မမှန်ကန်ပါက လိုင်စင်ပိတ်သိမ်းခံရမည်

Ever November | 10/09/2012 09:56:00 AM | Best Blogger Tips

ချင်တွယ်မှုပြည့်မီခြင်းမရှိသည့် စက်သုံးဆီအရောင်းဆိုင်များအား နောက်တစ်ကြိမ် ဆီရောင်းချမှု အချင်အတွယ် ချို့ယွင်းချက်များရှိပါက စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရသူများအား လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
စက်သုံးဆီဆိုင်များ၏ ဆီရောင်းချမှုအချင်အတွယ်အားနည်းမှုနှင့်ပတ်သက်၍  စစ်ဆေးရေးအဖွဲ့ဝင် များက ရှောင်တခင် စစ်ဆေးမှု  များပြုလုပ်ခဲ့ရာ အချင်အတွယ်မပြည့်မီသည့်ဆိုင်  တော်တော်များများ တွေ့ရသည့်အတွက် စစ်ဆေးရေးကော်မတီမှ သက်ဆိုင်ရာ လုပ်ငန်းရှင်များထံ သတိပေးသည့် အကြောင်းကြားစာများ ပေးပို့ထားခြင်းဖြစ်သည်။
 
အပြင်မှာ ၀ယ်တော့လည်း မပြည့်ဘူး။ ဆိုင်ကြီးတွေမှာလည်း မပြည့်ဘူးဆိုလို့ အံ့သြရပါတယ်။ တကယ် မယုံလို့ ၀ယ်ပြီး အပြင်ထုတ် ချင်တွယ်ကြည့်တော့ အမှန်ကို မပြည့်တာကိုတွေ့ ရတယ်။ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
 
စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ် အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်(၂၃)ဆိုင်အား အောက်တိုဘာ (၆) ရက်နေ့တွင် ရှောင်တခင်စစ်ဆေးရာ ဆိုင်ပေါင်း (၂၁) ဆိုင်ရှိ ဆီပန့်များမှာ သတ်မှတ်အချင်အတွယ် ပြည့်မီခြင်းမရှိဘဲ လျော့နည်းနေသည်ကို တွေ့ရှိရကြောင်း စွမ်းအင်ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။
 
ယင်းကဲ့သို့ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဆီချင်တွယ်လျော့နည်းမှုကို စစ်ဆေးရန်အတွက် ပြီးခဲ့သည့် လကုန် ရက်များ အတွင်းက မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရောင်းဝယ်ရေးအရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စစ်ဆေးရေး အဖွဲ့ဝင်များမှာ မြို့တော်နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်သို့   ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
 
စက်တွေကို စစ်ဆေးသွား ပါတယ်။ ဆီထုတ်ကောင်းတာ စက်တွေတွေ အားလုံးမှာ အချင် အတွယ်ပိုင်းမှာ    ပြည့်မီမှု မရှိဘူးလို့တော့ ပြောမသွားပါ ဘူး။ဟု စစ်ဆေးမှုခံယူခဲ့ရသည့် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်ကြီးတစ်ဆိုင်မှ ၀န်ထမ်းတစ်ဦးက ဆိုသည်။
 
လက်ရှိစက်သုံးဆီအရောင်းဆိုင်များ၌ ဆီပန့်များမှ ခိုးယူမှုအများဆုံးဖြစ်ပြီး  အများအားဖြင့် ဓာတ်ဆီ တစ်ဂါလတွင် ၄ ဒမ ၅ လီတာရှိသော်လည်း မပြည့်သောဆိုင်များ၌ လီတာဝက်ခန့် လျော့ကြောင်းကိုလည်း ဆီအရောင်းဆိုင်ဝန်ထမ်းများကဆင့် သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1