Monday, October 22, 2012

ပုဂံဒေသခံပြည်သူများ ဆန္ဒပြ

Ever November | 10/22/2012 04:39:00 PM | Best Blogger Tips
ပုဂံရှေးဟောင်းဇုန်အတွင်းဟိုတယ်များ၊၀န်ထမ်းအိမ်ရာများ တည်ဆောက် ထား မှုနှင့်ပတ်သက်၍ ယနေ့အောက်တိုဘာ ၂၂ ရက်တွင် မြို့ခံ ၅၀၀ ခန့်စီ တန်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ရာတွင် ခွင့်ပြုအင်အား ၁၀၀ နှင့် ပတ်ဝန်းကျင်ဒေသခံများအပါအ၀င် အင်အား ၅၀၀ ခန့်သည် နံနက်၉နာရီမှာစတင်ကာ နံနက် ၁၀ နာရီ
အထိ မြန်မာ့ထရေးရှားဟိုတယ်မှ အာနန္ဒာဘုရားတောင်ဘက်မုခ်အထိ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြသည်။
" အခုရှေးဟောင်းဇုန်ထဲမှာ လူမနေရဘူးဆိုပြီး မြို့ဟောင်းကလူတွေကိုရွှေ့ခိုင်းတယ်။ အခုကျတော့အဲဒီနေရာမှာ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့
ဝန်ထမ်းအိမ်ရာတွေပါရှိနေတဲ့အတွက် မြို့ဟောင်းကလူတွေက ဆန္ဒထုဖော်ထုတ်တာပါ" ဟု လိုက်လံအားပေးခဲ့သူ ဒေသခံ ကိုနိုင်ထွန်းက ပြောသည်။
ရှေးဟောင်းဇုန်အတွင်း ပေ၁၀၀ ၀န်းကျင်တွင် အဆောက်အအုံများဆောက် လုပ်ခြင်း၊ ခြံစည်းရိုးများ ကာရံခြင်းများခွင့်ပြုထားခြင်းမရှိသော်လည်း လက်ရှိ ဟိုတယ်အချို့သည် ဘုရားသွားသည့်လမ်းများကို ပိတ်၍ ဆောက်လုပ်ထားခြင်း၊ ဟိုတယ်များကြားတွင်စေတီများရောက်ရှိနေခြင်းတို့အားမပြုလုပ်သင့်ကြောင်း
ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

" ဂူပြောက်ကြီးနဲ့ ဂူပြောက်ငယ်ကြားမှာလည်း အဆောက်အအုံတွေရှိတယ်။ မင်္ဂလာစေတီနဲ့ မြင်းကမ္ဘာကြားမှာ ဟိုတယ်တစ်လုံးဆောက်လက်စရှိတယ်။ဒါတွေကမလုပ်သင့်ဘူး။ နောက်ပြီးမြို့သစ်ပိုင်မြေတွေကိုဟိုတယ်ဆောက်နေတာရှိတယ်။ အဲဒါတွေပြန်လိုချင်တာလဲပါတယ်" ဟု၎င်းက ထပ်လောင်းပြောသည်။
Popular News Journal
 


 
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1