Monday, October 22, 2012

တူရကီစစ်တပ် ဆီးရီးယားဘက်သို့ ၈၇ ကြိမ်ပစ်ခတ် တိုက်လေယာဉ်များဖြင့် အမြင့်ဆုံးတပ်လှန့်မှုပြုလုပ်

Ever November | 10/22/2012 04:41:00 PM | Best Blogger Tips

တူရကီစစ်ပတ်က ဆီးရီးယားနိုင်ငံဘက်သို့ လက်နက်ကြီးများဖြင့် ၈၇ ကြိမ် ပစ်ခတ်ခဲ့ရာ ဆီးရီးယားတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း တူရကီမီဒီယာက အောက်တိုဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဆီးရီးယား တင့်ကားအချို့လည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၃ ရက်က ရှေ့တန်းစစ်မျက်နှာရှိ အက်ကာကေးမြို့တောင်ပိုင်းကို ဆီးရီးယားတပ်များက မော်တာများဖြင့် ပစ်ခတ်၍ တူရကီအရပ်သား ငါးဦး သေဆုံးခဲ့ပြီးနောက် တူရကီတို့က ဆက်တိုက်လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ ဆီးရီးယားနိုင်ငံဘက်မှ မော်တာကျည် ၂၇ လုံးဖြင့် ပစ်ခတ်မှုခံရပြီးနောက် ပြန်လည်လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ တူရကီတို့ တိုက်ခိုက်မှုကြောင့် ဆီးရီးယားတင့်ကားငါးစီး၊ သံချပ်ကာယာဉ်သုံးစီး၊ လက်နက်ခဲယမ်းမီးကျောက်တင် ယာဉ်တစ်စီး၊ လေယာဉ်ဖျက် ယာဉ်နှစ်စီး ပျက်စီးသွားခဲ့သည်ဟု သိရသည်။ တူရကီအက်ဖ်-၁၆ တိုက်လေယာဉ်များကို ဆီးရီးယားနယ်စပ်မှ ၆၂ မိုင်အကွာ အနာဒါးရှိ အင်ဆာပစ်လေတပ် စခန်း၌ အမြင့်ဆုံး တပ်လှန့်မှု ပြုလုပ်ထားသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1