Monday, October 22, 2012

ရှော်လ်ကေး တိုက်စစ်မှူး ဟော့တ်ဘီကို ဘော့စမန်စည်းမျဉ်းဖြင့် ခေါ်ယူနိုင်ရန် လီဗာပူးလ် မျှော်လင့်

Ever November | 10/22/2012 04:18:00 PM | Best Blogger Tips

လီဗာပူးလ် အသင်းသည် ရှော်လ်ကေး တိုက်စစ်မှူး လီဝစ် ဟော့တ်ဘီကို ဘော့စမန် စည်းမျဉ်းဖြင့် ကမ်းလှမ်း ခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဟော့တ်ဘီသည် လီဗာပူးလ် စိတ်ဝင်တစား စောင့်ကြည့်နေသည့် ပစ်မှတ်တစ်ခု ဖြစ်ခဲ့ပြီး ယခုအခါ တိုက်စစ်မှူးသစ်များ လိုအပ်နေသော အင်္ဂလန် ကလပ်သည် ဟော့တ်ဘီကို ကမ်းလှမ်းမှု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ ဇန်နဝါရီလတွင် လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် အသက်(၂၂)နှစ်ရှိ ကစားသမားအတွက် တရားဝင် ကမ်းလှမ်းမှု တစ်ခုကို ဂျာမန်ကလပ်အသင်းထံ ပေးပို့ဖွယ် ရှိနေသည်။ ဟော့တ်ဘီသည် လက်ရှိ စာချုပ် အနေအထားအရ ဇန်နဝါရီတွင် မည်သည့်ကလပ်နှင့်မဆို လွတ်လပ်စွာ ဆွေးနွေးပြီး ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့နိုင်မည် ဖြစ်သည်။
ဟော့တ်ဘီနှင့် ရှော်လ်ကေးတို့၏ စာချုပ်သည် ရာသီကုန်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ Goal.comက လီဗာပူးလ်သည် ဇန်နဝါရီတွင် ဟော့တ်ဘီကို ချဉ်းကပ်ရန် အတွက် အလုပ်များနေပြီး ကစားသမားကို ဆောင်းရာသီတွင်ပင် ဝယ်ယူနိုင် သလို အလွတ် ပြောင်းရွှေ့ကြေးဖြင့် ရရှိမည့် ရာသီ ကုန်ထိ စောင့်ဆိုင်းနိုင်ကြောင်းလည်း ဖော်ပြခဲ့သည်။ ရှော်လ်ကေး အသင်းက မိမိတို့သည် ဟော့တ်ဘီကို စာချုပ်သစ် ချုပ်ဆိုရန် ရည်ရွယ် ခဲ့သော်လည်း လက်တွေ့တွင်မူ မလွယ်ကူကြောင်း ဖွင့်ဟ ဝန်ခံထားသည်။

ရှော်လ်ကေး အထွေထွေ မန်နေဂျာ ဟော့စ်ဟဲလ်ဒ်က "ဟော့တ်ဘီရဲ့ စာချုပ်သစ်ကိစ္စမှာ ဘယ်လိုရလဒ် ထွက်လာမလဲ ဆိုတာကို ကျွန်တော် လုံးဝ မမှန်းတတ်ပါဘူး။ ကျွန်တော်တို့ ပြောနိုင်တာ တစ်ခုပဲ ရှိပါတယ်။ သူ့ကို စာချုပ်သစ် ချုပ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေဆဲ ဆိုတာပါပဲ"ဟု ပြောကြားသွားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1