Monday, October 22, 2012

ချက်သမ္မတနိုင်ငံတွင် အရက်အဆိပ်သင့်မှုကြောင့် သေဆုံးသူဦးရေ ၂၉ ဦးအထိ မြင့်တက်

Ever November | 10/22/2012 04:22:00 PM | Best Blogger Tips

ချက်သမ္မတနိုင်ငံမှ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးသည်အရက်အဆိပ်သင့်မှုကြောင့် အောက်တိုဘာ ၂၀ ရက်က သေဆုံးခဲ့ရာ နိုင်ငံအတွင်း အရက်အဆိပ်သင့်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၉ ဦး အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ အရက်အဆိပ်သင့်မှုကြောင့် သေဆုံးခြင်းသည် စက်တင်ဘာလ အစောပိုင်းတွင်စတင်ဖြစ်ပွားခဲ့ပြီးယင်းအချိန်မှစ၍လူဒါဇင်ပေါင်းများစွာသည် ဆေးရုံတွင် ဆေးကုသမှုခံယူ
လျက်ရှိပြီး ၄င်းတို့အနက်အချို့သည် အမြင်အာရုံ ဆုံးရှုံးခဲ့ကြရကြောင်း သိရသည်။ ထို့ကြောင့် အစိုးရသည် စက်တင်ဘာ လလယ်မှစ၍ အရက်ရောင်းဈေးနှုန်းထား ၂၀ ရာခိုင်နှုန်းကျော်ကို ရက်သတ္တနှစ်ပတ်ခန့် ပိတ်ပင်တားမြစ်ခဲ့ပြီး တင်ပို့မှုကိုလည်း ပိတ်ပင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အရက်ဆိပ်သင့်မှုနှင့် ဆက်စပ်နေသည့်လူ၅၀ဦးခနု့်ကိုရဲတပ်ဖွဲ့ကစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ပြည်သူများ ဘေးအန္တရာယ်ကင်း
ရှင်းမှုကို အန္တရာယ်ဖြစ်စေမှုဖြင့် အမျိုးသားသုံးဦးအား စွဲချက်တင်ထားသည်။ ၄င်းတို့အနေဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အနှစ် ၂၀ အထိ ကျခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1