Monday, October 22, 2012

မီးလောင်နေသော တရုတ်ကုန်သင်္ဘောမှ သင်္ဘောသား ၆၄ ဦးကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်

Ever November | 10/22/2012 04:44:00 PM | Best Blogger Tips

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း ကမ်းလွန်တွင် အောက်တိုဘာ ၂၀ ရက်က ကုန်တင်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ယင်းသင်္ဘောပေါ်မှ တရုတ်သင်္ဘောသား ၆၄ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂျပန်နိုင်ငံရှိ တရုတ်သံရုံးမှ အောက်တိုဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ သင်္ဘောမီးလောင်နေမှုကြောင့် အိုကီနာဝါစီရင်စုရှိ နာဟာမြို့မှ အမှတ်(၁၁)ဒေသ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့မှ ရေယာဉ်များက အနီးကပ်စောင့်ကြပ်ကာ မီးငြှိမ်းသတ်ရေး ကြိုးစားပေးခဲ့သည်။ မီးလောင်နေသော တရုတ်သင်္ဘောပေါ်မှ သင်္ဘောသား အားလုံးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့သည်။ သို့သော် သုံးဦးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း၊ သင်္ဘောမီးလောင်မှုကို ကမ်းခြေစောင့်တပ်ဖွဲ့က ရဟတ်ယာဉ်များဖြင့် ၀ိုင်းဝန်းစောင့်ကြပ်ကူညီပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်တင်သင်္ဘော မီးလောင်မှုနှင့်ပတ်သက်ပြီး မည်သို့ မီးလောင်မှုဖြစ်ပွားခဲ့သည်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1