Monday, October 22, 2012

Super-Subဆိုသော ဂုဏ်ပုဒ်ကို မိမိ မလိုချင်ဟု ဂျက်ကို ပြောကြား

Ever November | 10/22/2012 04:43:00 PM | Best Blogger Tips
Super Sub မဖြစ်ချင်သည့် ဂျက်ကို

မန်ချက်စတာ စီးတီး၏ Super-Sub ဆိုသော ဂုဏ်ပုဒ်ကို မိမိ မလိုချင်ကြောင်း တိုက်စစ်မှူး အီဒင်ဂျက်ကိုက ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်သည်။
ဘော့စ်နီးယား လက်ရွေးစင် တိုက်စစ်မှူးက မိမိသည် အသင်း အကျပ်တွေ့နေချိန်တွင် လူစားဝင်ကာ ဂိုးသွင်းပေးရခြင်းထက် ပုံမှန် ပွဲထွက် ကစားသမား ဘဝကိုသာ မျှော်လင့် ထားကြောင်း ဆိုသည်။ မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် ယခုရာသီ (၄)ပွဲတွင် (၆)ဂိုး ရထားသည့် ဂျက်ကို၏ ပုံစံကောင်းကို မျက်ကွယ်ပြုကာ ၎င်းအား အရန် ကစားသမား အဖြစ်သာ ပွဲထုတ် သုံးစွဲလျှက် ရှိသည်။ ဂျက်ကိုသည် မန်စီးတီးအသင်း ဖူလ်ဟမ်၊ ဝက်စ်ဘရွန်းဝစ်ခ်ျတို့ကို အနိုင်ရစေမည့် အဖိုးတန် ဂိုးများကို သွင်းယူပေးခဲ့သလို နိုင်ငံ အသင်း အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ များတွင်လည်း (၄)ဂိုး သွင်းထားသည်။
ဂျက်ကိုက "မန်စီးတီးမှာ မန်နေဂျာက အသင်းကို စိတ်ကြိုက် ရွေးချယ် တည်ဆောက်နေတာပါ။ အသင်းက လိုအပ်ရင် ကျွန်တော့်ဘက်က အဆင်သင့်ပါ"ဟု ဆိုသည်။ "'ဒါပေမဲ့ ကျွန်တော်ဟာ ဘယ်တော့မှ Super-Sub မဟုတ်ပါဘူး။ မန်စီးတီးကို ကျွန်တော် ရောက်မလာခင်က ကျွန်တော်ဟာ ပုံမှန် ကစားခွင့် ရနေတဲ့ တိုက်စစ်မှူးပါ။ ဝုလ်ဖ်ဘာ့ဂ်မှာဆို ကျွန်တော် ဂိုးတွေ အများကြီး သွင်းပြခဲ့ပါတယ်။ ပြောချင်တာက ကျွန်တော်ဟာ အရန် လူတစ်ယောက် မဟုတ်ပါဘူး" ဟုလည်း ၎င်းက ဖွင့်ဟခဲ့သည်။

ဂျက်ကိုက "ပြီးခဲ့တဲ့ ပွဲစဉ် တချို့မှာ ကျွန်တော် ဂိုးသွင်းနိုင်လို့ ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ဘယ်တော့မှ Super-Sub မဟုတ်ကြောင်း ထပ်ပြောချင်ပါတယ်။ ကျွန်တော် ပွဲများများ ကစားဖို့ ဆန္ဒ ရှိပါတယ်" ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့သည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1