Monday, October 22, 2012

မင်းပြားမြို့နယ် ၊ ပန်းမြောင်း သရက်အုပ်ကျေးရွာတွင် ဘင်္ဂါလီများ နေအိမ် ၂၀၀ ခန့် မီးရှို့  (ယနေ့ နောက်ဆုံးရသတင်း)

Ever November | 10/22/2012 04:46:00 PM | Best Blogger Tips
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ၊ ပန်းမြောင်း သရက်အုပ်ကျေးရွာ တွင် အောက်တိုဘာလ ၂၂ ရက်နေ့(ယနေ့)နံနက် ၇နာရီမှစ တင် ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ်  ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့ကြောင်း
သိရသည်။

အဆိုပါသရက်အုပ်ကျေးရွာမှာ ဘင်္ဂါလီများ နေထိုင်သည့်ကျေးရွာဖြစ်ကာ မိမိတို့ကျေးရွာကို မိမိတို့ မီးရှို့ခြင်းဖြစ်ကြောင်းနှင့် ပရိန်ကျေးရွာ ၊ လက်မ ကျေးရွာဘက်သို့ အင်အားစုစည်းရန် ရွာကို မီးရှို
့သွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုပါသည်။
လက်ရှိတွင် မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင်လည်း နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်မှစတင်ကာ မီးလောင် ကျွမ်းမှု ဖြစ်ပွားလျက်ရှိနေကြောင်းလည်း ထပ်မံသိရှိရပါသည်။

ပရိန်ကျေးရွာမှာ လေးမြို့မြစ်ကမ်းဘေး၊ သရက်အုပ်ဘင်္ဂါလီရွာနှင့် တစ်ဖက်တစ်ကမ်းဖြစ်ကာ ရခိုင်တိုင်းရင်း သားများနှင့် ဘင်္ဂါလီများအတူနေထိုင်ကြသည့်ကျေးရွာဖြစ်ကြောင်းနှင့် အများစုနေထိုင်သူမှာ ဘင်္ဂါလီ များဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်နှင့် ရဲမှ လုံခြုံရေးယူထားကြောင်းလည်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1