Tuesday, October 9, 2012

ချင်းတွင်းမြစ်ထဲက ကျပ်သိန်း တသောင်းကျော်တန် မူးယစ်ဆေး

Ever November | 10/09/2012 12:09:00 PM | Best Blogger Tips
မူးယစ်ဆေးတွေကို စစ်ကိုင်းတိုင်း ကနီမြို့အနီး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်စက်လှေတစီးကို ရှာဖွေ စစ်ဆေးရာမှာ အက်ဖဒရင်း ဆေးပြား တောင်ပုံယာပုံ ဖမ်းမိတယ်လို့ ဒီကနေ့ အစိုးရသတင်းစာများမှာ ရေးထားပါတယ်။ဖမ်းမိတဲ့ မူးယစ်ဆေးက ကျပ်သိန်းပေါင်း တသောင်းကျော် ပေါက်ဈေးရှိတယ်လို့ ဆိုတယ်။ စက်တင်ဘာ ၂၉ မှာ မိတာပါ။

အလဲဗင်းဂျာနယ် ၀က်ဆိုက်မှာတော့ ဒီသတင်းကို ၈ ရက် စောပြီး ဖော်ပြခဲ့ပါတယ်။ အစိုးရသတင်းစာက ဘာကြောင့် ဒီလောက် နောက်ကျတယ် မသိပါ။

တကယ်ဆို ဒီသတင်းက မျက်နှာဖုံးတင်ရလောက်အောင်ကြီးတဲ့သတင်း မဟုတ်လား။

အက်ဖဒရင်း ဆေးပြားက စိတ်ကြွဆေးနဲ့ ဓာတုပါဝင်နှုန်း တူညီတယ်၊ ပြီးတော့ စိတ်ကြွဆေး ထုတ်လုပ်ရာမှာ အဓိကကုန်ကြမ်းတမျိုးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ကြေးမုံသတင်းစာမှာ ဖော်ပြထားတာကို https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5xCbHK_pWycLN1nRpzmd8FBKtyi_1pI4sHXuiUTUaioE6blCiAuYrIUs7auI-p6FkolHBTLPGM6BNVap7yNnOlVZOoVasOHFXRwUSVzx8WRZDvvEAMS6duzx-VcrHaJiIQDd96edvlX2k/s1600/images.jpgမှာ ဖတ်နိုင်ပါတယ်။
irrawaddy blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1