Tuesday, October 9, 2012

စတုတ်ခ်နှင့် ပွဲတွင် ဆွာရက်ဇ် တက်အနင်း ခံရသည့် ကိစ္စအတွက် ရော့ဂျာ ဝေဖန်

Ever November | 10/09/2012 09:35:00 AM | Best Blogger Tips

စတုတ်ခ်စီးတီးနှင့် ပွဲစဉ်တွင် လူးဝစ်ဆွာရက်ဇ် အနေဖြင့် ရင်ဘတ်ကို တက်နင်းခံခဲ့ရကြောင်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ပြောကြားလိုက်သည်။
စတုတ်ခ် မန်နေဂျာ တိုနီပူးလစ်က ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဆွာရက်ဇ်သည် ဒိုင်ဗင်သမား တစ်ဦးဖြစ်ကြောင်း ဝေဖန် ပြောဆိုခဲ့မှုနှင့် ပတ်သက်ပြီး ရော့ဂျာက ယခုအခါ တုံ့ပြန်လာခြင်း ဖြစ်သည်။ ရော့ဂျာက မိမိ၏ ကစားသမားသည် စတုတ်ခ်နောက်ခံလူ ရောဘတ်ဟုသ်၏ ရန်လိုသော တိုက်ခိုက်မှုတွင် သားကောင် ဖြစ်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ အသက်(၂၅)နှစ်ရှိ ဆွာရက်ဇ်သည် ကင်မရာ အနှေးပြကွက်များ အရ ဟုသ်၏ တက်နင်းခြင်းကို ခံနေရကြောင်း ရော့ဂျာက ထောက်ပြသွားသည်။

"ပြီးခဲ့တဲ့ သီတင်းပတ် ပွဲစဉ်မှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို ကျွန်တော် ပြန်ကြည့်ခဲ့ပါတယ်။ လူတွေက ဆွာရက်ဇ် လဲကျသွားတဲ့ ကိစ္စကိုပဲ ချဲ့ကား ပြောနေကြတယ်။ သူဟာ ပွဲအစ (၅)မိနစ် အတွင်းလောက်မှာတင် တက်နင်းခံရတဲ့ ကိစ္စကျတော့ လူတော်တော်များများက မျက်ကွယ် ပြုခဲ့ကြတယ်"ဟု ရော့ဂျာက ဆိုသည်။ ၎င်းက "ဒိုင်ဗင်ထိုးတာ၊ ဟန်ဆောင်တာတွေဟာ ကမ္ဘာ့ဘောလုံးလောကမှာ ပျောက်ကွယ် သွားသင့်တယ် ဆိုတာကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ အဲဒီနေ့က တခြားကိစ္စတစ်ခု ဖြစ်ခဲ့တယ် ဆိုတာကိုတော့ မေ့မထားသင့်ဘူး" ဟုလည်း ဝေဖန် ပြောဆို သွားခဲ့သည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1