Tuesday, October 9, 2012

ဆွီဒင်၌ ရေနွေးငွေ့သုံးစက်ရုံ မီးလောင်မှုဖြစ်ပွား

Ever November | 10/09/2012 09:52:00 AM | Best Blogger Tips
ဆွီဒင်၌ ရေနွေးငွေ့သုံးစက်ရုံ မီးလောင်မှုဖြစ်ပွား

ဆွီဒင်နိုင်ငံ၌ ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံတစ်ရုံ အောက်တိုဘာ ၆ ရက်က ရေနွေးငွေ့ တာဘိုင်တစ်ခု ပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ သေကျေပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ထုတ်ပြန်ခြင်းမရှိသေးကြောင်း ဒေသဆိုင်ရာ မီဒီယာများက ပြောကြားသည်။ အဆိုပါ မီးလောင်မှုသည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ အနောက်ပိုင်း ၁၆၃ ကီလိုမီတာခန့်အကွာ အိုရီဘရိုမြို့ရှိ လျှပ်စစ်ကုမ္ပဏီ တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်း ဓာတ်အားပေးစက်ရုံ၏ မီးလောင်မှု သတိပေးချက် အလိုအလျောက် အော်မြည်နေချိန်တွင် ကယ်ဆယ်ရေး ၀န်ထမ်းများက ထိန်းချုပ်ရေး စခန်းအတွင်းရှိ လူများအား ဖုန်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။ စက်ရုံအဆောက်အအုံအတွင်း အပူရှိန် ပြင်းထန်နေမှုကြောင့် ကယ်ဆယ်ရေး ၀န်ထမ်းများအနေဖြင့် စက်ရုံအတွင်းထဲသို့ မ၀င်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ၄င်းဓာတ်အားပေးစက်ရုံ အတွင်းတွင် ဓာတ်ငွေ့ဘူးများ ရှိနေမှုကြောင့် ပေါက်ကွဲမှုများမှာ ပိုမို ပြင်းထန်ခဲ့သည်။ မီးသတ်သမားများက ဓာတ်အားပေး ခန်းမအတွင်းသို့ ၀င်ရောက်ပြီး ရေဖျန်းပိုက် စက်ခေါင်းများဖြင့် မီးကို တစ်နာရီကျော်ကြာ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1