Monday, October 22, 2012

ဇန်နဝါရီ လတွင် စပါးကို စွန့်ခွာရန် အဒီဘာယော ဆုံးဖြတ်ဖွယ် ရှိနေ

Ever November | 10/22/2012 11:18:00 AM | Best Blogger Tips
စပါးကို စွန့်ခွာဖွယ် ရှိသည့် အဒီဘာယော

ချယ်လ်ဆီးနှင့် ပွဲတွင် ပွဲထွက်ခွင့် မရခဲ့ခြင်းက အီမန်နျူရယ်လ် အဒီဘာယော၏ တော့တင်ဟမ် ဟော့စပါး ကစားသမား ဘဝကို ဆုံးခန်းတိုင်ရန် နီးစပ် လာစေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အသက်(၂၈)နှစ်ရှိ တိုဂို လက်ရွေးစင်သည် မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ် လက်ထက်တွင် အဓိက တိုက်စစ်သမားအဖြစ် နေရာမရခဲ့ပေ။ ၎င်းသည် ဝှိုက်ဟတ်လိန်းတွင် စပါးအသင်း ချယ်လ်ဆီးကို (၄-၂)ဖြင့် အရေးနိမ့်ခဲ့ရာ၌ အရန်အဖြစ်သာ လူစားဝင် ကစားခဲ့ရသည်။ အဒီဘာယောသည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်ချက်စတာ စီးတီးမှ စပါးသို့ အငှားလာကစားပြီး မန်နေဂျာ ဟယ်ရီရက်နပ် လက်အောက်တွင် ပရီးမီးယားလိဂ် (၃၂)ပွဲ၌ (၁၇)ဂိုး သွင်းယူခဲ့သည်။
သို့သော်လည်း ယခုရာသီတွင်မူ ၎င်းသည် စပါးအတွက် (၃)ပွဲသာ လူစားဝင် ကစားရသေးပြီး ဘိုအာ့စ်က ပုံစံကောင်း ရနေသည့် ဂျာမိန်းဒီဖိုးကိုသာ အဓိက အားထားလျှက်ရှိသည်။ စပါးတွင် ပွဲထွက် တိုက်စစ်မှူးအဖြစ် နေရာရမည်ဟု ယုံကြည်ထားသော အဒီဘာယောသည် ယခုအခါ အနာဂတ်ကို အလေးအနက် စဉ်းစားနေပြီဟု နီးစပ်သူများက ဆိုသည်။ The Sunနှင့် အင်တာဗျူးတွင် အဒီဘာယော၏ မိတ်ဆွေအချို့က "အဒီဘာယောက ပွဲကစားဖို့ မျှော်လင့်ထားတာပါ။ ချယ်လ်ဆီးနဲ့ပွဲမှာ သူ့အနေနဲ့ ပွဲထွက်ခွင့်ရဖို့ အလေးအနက် ယုံကြည်ထားပေမယ့် လက်တွေ့ ဖြစ်မလာဘူး။ ဒီအခြေအနေက သူ့ကို စိတ်ပျက်စေပါတယ်။ တကယ်လို့ သူ့အပေါ်မှာ ဘိုအာ့စ်က အားမကိုးထိုက်ဘူးလို့ ယူဆရင် ဇန်နဝါရီ ဈေးကွက်မှာ သူတစ်ခုခု ဆုံးဖြတ်လာနိုင်ပါတယ်"ဟု ပြောကြားသွားကြသည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1