Monday, October 22, 2012

ဆု ၂ ခု ရရှိခဲ့တဲ့ မြန်မာအလှမယ် နန်းဇေယျာခင်နှင့် မေးမြန်းချက် (အပြည့်အစုံ)

Ever November | 10/22/2012 04:32:00 PM | Best Blogger Tips
ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss International 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ နန်းခင်ဇေယျာက People Choice Award ဆုနဲ့ Miss Internet ဆု ၂ ဆုကို ဆွတ်ခူးသွားပါတယ်။

Miss International 2012 သရဖူကိုတော့ အိမ်ရှင် ဂျပန်နိုင်ငံက ရရှိသွားပါတယ်။ Miss International အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံက နှစ်ပေါင်း ၅၀အတွင်းပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

အလှမယ် ၆၉ ဦးထဲက ၁၅ ဦးကို ဒိုင်လူကြီးတွေကဆန်ခါတင်ရွေးချယ်ရာမှာနန်းခင်ဇေယျာကမပါခဲ့ပေမယ့် သူ့အနေနဲ့ စိတ်ဓာတ်မကျသလို ဆု ၂ ခုရရှိထားတဲ့အတွက်လည်း အရမ်းကိုဝမ်းသာတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ဒါ ပထမဆုံးအကြိမ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်တာဖြစ်ပြီး သူ့အနေနဲ့ နိုင်ငံတကာကို မြန်မာ့ယဉ်ကျေးမှုလေးပြခွင့်ရတဲ့အတွက် ၀မ်းသာဂုဏ်ယူကြောင်း ပြောပါတယ်။ နန်းခင်ဇေယျာရဲ့ပြိုင်ပွဲအတွင်း အတွေ့အကြုံ တချို့ကို မေးမြန်းထားပါတယ်။

Miss Internet ဆုရသွားတဲ့အပေါ် ဘယ်လိုခံစားရပါလဲ။

“ဆုရသွားတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ မြန်မာတနိုင်ငံလုံးက ညီမကို vote (ဆန္ဒမဲ) လုပ်ပေးတယ်။ ဒါကြောင့် ဒီဆုရတာပေါ့နော်။ ဆုရတဲ့အတွက်လည်း တခြားနိုင်ငံတွေက မြန်မာဆိုတာ ဘယ်လိုမျိုးလဲ၊ဘယ်လိုဝတ်စားဆင်ယင်ပုံလဲဆိုတာသိသွားကြတယ်။ နောက်ညီမကိုပြောကြတာ မြန်မာဆို
တာ အခုမှမြင်ဖူးတယ်လို့ ပြောတဲ့လူလည်း ရှိပါတယ်။ အရမ်းလည်း ပျော်ပါတယ်။ ညီမကို အားပေးတဲ့ vote လုပ်ပေးတဲ့အတွက်ပါ။”

Miss International ပထမဆုံး ၀င်ပြိုင်တဲ့အပေါ် အတွေ့အကြုံလေးပြောပြပေးပါ။

“အတွေ့အကြုံက ဒါဟာ ညီမရဲ့ ပထမဆုံးဝင်ပြိုင်တဲ့ပွဲလည်း ဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ပွဲ organization နဲ့ ဒီကပွဲ organization ဒီပွဲကလည်း အရမ်းကြီးတယ်။ Miss International Beauty Pageant 2012 ပြီးရင် Miss World၊ ပြီးရင် Miss Universeဆိုတော့တတိယအဆင့်မှာရှိတဲ့ပွဲပေါ့နော်။ အရမ်းကောင်းတဲ့ပွဲပါ။ မြန်မာနိုင်ငံအနေနဲ့ ပြိုင်ဖို့ညီမကို စကမ်းလှမ်းတော့ ပထမတော့ ချီတုံချတုံဖြစ်တယ်၊ ပြိုင်ရင်ကောင်းမလား မပြိုင်ရင်ကောင်းမလားဆိုပြီးတော့လေ။ အဆင့်သင့်လည်းမဖြစ်ဘူး၊ သူတို့ဖိတ်ခေါ်တာကလည်း ၁၀ ရက်၊ ၁၅ ရက် နီးမှဖိတ်ခေါ်တော့ ညီမမှာလည်း ပြင်ဆင်ချိန် အရမ်းနည်းခဲ့တယ်။ ဒီရောက်တော့လည်း အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံကလူတွေက ကိုယ့်ကို အားပေးတော့ အားဆေးတခွက်ဖြစ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ကိုယ့်ကို ဘယ်လိုအားနည်းချက်ရှိတယ်လို့ ထင်ပါလဲ။

“အဓိကကswimsuitမှာပေါ့နော်။swimsuitနဲ့ဓာတ်ပုံလည်းအရိုက်မခံဖူးဘူး။swimsuitနဲ့လူရှေ့သူရှေ့မထွက်
ဖူးဘူးပေါ့နော်။ swim suit ပထမဆုံး ဓာတ်ပုံရိုက်တဲ့အချိန်မှာ မြန်မာနိုင်ငံက တုံ့ပြန်လာတဲ့ တုံ့ပြန်မှုက ညီမအတွက် အရမ်းကို ထိတ်လန့်စရာဖြစ်ခဲ့တယ်။ ကိုယ်ပဲ မဟုတ်တာလုပ်လိုက်မိပြီလားပေါ့။ ဒါပေမယ့် နိုင်ငံကိုယ်စားပြုသွားပြိုင်ရတာလေ။ ညီမတယောက်ပဲ ၀တ်ရတာမဟုတ်ပါဘူး။ နိုင်ငံပေါင်း ၆၉ နိုင်ငံကလူတွေလည်း ၀တ်ရတာဆိုတော့ ညီမလည်း ၀တ်ရတာပေါ့နော်။ ညီမက ကိုယ့်ကို
ကိုယ် ယုံကြည်မှုမရှိဘူး။ ငါ ဒါဝတ်ရင် မြန်မာနိုင်ငံကလူတွေများ ပြောကြမလားပေါ့နော်။ အဲလိုမျိုး စိတ်ရှိတယ်။ ဒါကြောင့် swim suit နဲ့ အားမရခဲ့ပါဘူး။”
 
အားသာချက်ကရော။

“အားသာချက်ကစင်မြင့်ပေါ်မှာ မြန်မာနိုင်ငံရဲ့ဝတ်စုံတွေကိုဝတ်ပြနိုင်ခဲ့တယ်။ မြန်မာဆိုတာဘာလဲ၊ မြန်မာ့
ဝတ်စားဆင်ယင်မှုတွေနဲ့ မြန်မာနိုင်ငံ ဘယ်မှာရှိလဲဆိုတာ စင်မြင့်ပေါ်မှာ ပြခဲ့ရတယ်။ ပွဲပြီးတဲ့အခါမှာ ညီမကိုလာနှုတ်ဆက်တဲ့သူတွေကလည်းသံအမတ်တွေကလည်း မြန်မာနိုင်ငံကိုသူတို့သိကြတာက အောင်
ဆန်းစုကြည်ကြောင့်သိခဲ့ရတာ။ ဂုဏ်ပြုစကားတွေလာပြောကြတယ်။ နောက် The Lady ဆိုပြီးတော့ မြန်မာလို့သိတာနဲ့ ရင်တထိတ်ထိတ်နဲ့ အရမ်းကို ဂုဏ်ယူတဲ့ပုံစံပေါ့နော် အဲလိုတွေ့ခဲ့ရပါတယ်။”

နောက်ဆုံး ဆန်ကာတင် ၁၅ ဦးထဲ မပါတော့ ဘယ်လိုခံစားရလဲ။

“ဆန်ကာတင် ၁၅ ဦးထဲ မပါပေမယ့် ညီမ စိတ်ဓာတ်မကျခဲ့ဘူး။ ဘာလို့လဲဆိုတော့ ညီမက ဆုကို ၂ ဆု ရခဲ့ပါတယ်။ People Choice Award ဆုနဲ့ Miss Internet ဆု ၂ ဆုကို ရခဲ့ပါတယ်။ ညီမ အရမ်းကြီးလည်း မမျှော်လင့်ထားဘူး။ ငါ အကောင်းဆုံး လုပ်ပြနိုင်တယ်၊ ငါ အကောင်းဆုံး ကြိုးစားနေတယ်၊ ပရိသတ်ဘက်ကလည်း ညီမကို အရမ်းအားပေးတယ်ပေါ့နော်။ ဘာဆုမှ မရရင်တောင်မှ မြန်မာနိုင်ငံကို အကောင်းဆုံးပြနိုင်ပါလားဆိုတဲ့ စိတ်နဲ့ ညီမ ပြိုင်ခဲ့ပါတယ်။ ဆန်ကာတင် ၁၅ ဦးထဲ မ၀င်လည်း စိတ်မပူပါဘူး။”

ဒီပြိုင်ပွဲမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘဲ ၀တ်စားရတဲ့အပေါ်မှာ အသိုင်း
အ၀န်းတွေက ဘယ်လိုတုံ့ပြန်မှုတွေ ရှိခဲ့လဲ။

“လူတွေကတော့ အကောင်းမြင်တဲ့သူ ရှိသလို၊ အဆိုးမြင်တဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဒီစကားကို သွားပြောရင် တခြားနိုင်ငံက မြန်မာနိုင်ငံကို ရှုတ်ချကြလိမ့်မယ်၊ အဲလိုမျိုး ဘာဖြစ်လို့လဲ ဘာညာပေါ့ အခန်းဖော်ကိုတောင် ပြောဖြစ်သေးတယ်၊ ငါတို့နိုင်ငံမှာ swim suit မ၀တ်ဖူးဆိုတော့ သူတို့တောင် အံ့ဩနေကြတယ်။”

လာမယ့် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေကို ညီမအနေနဲ့ ဘယ်လို အကြံပေးတိုက်တွန်းချင်လဲ။

“ဒီဟာက ပထမဦးဆုံး လှမ်းခဲ့တဲ့ခြေလှမ်းပေါ့နော်။ ညီမမှာလည်း အားနည်းချက်တွေ အရမ်းကို ရှိခဲ့ပါတယ်။
ဒါပေမယ့်ဒီအားနည်းချက်ရှိခဲ့တာကိုစိတ်ဓာတ်နဲ့ကိုယ့်ကိုယ်ကိုယ်အားပေးပြီး နောက်ဆုံးအထိကို ကြိုးစား
ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒါကြောင့် နောက်ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ ပြိုင်ပါ၊မြန်မာဆိုတာ ကမ္ဘာက သိနေပါပြီလို့ ပြောချင်ပါတယ်။”

ညီမအနေနဲ့ ဘာများပြောချင်တာ ရှိဦးမလဲ။

“အရမ်းကို ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အင်တာနက်တွေနှေးနေတဲ့အချိန်မှာ ညီမကို vote(ဆန္ဒမဲ) ပေးတဲ့သူတွေအရမ်းကြီးကိုများတဲ့အတွက်တခြားနိုင်ငံတွေလိုအင်တာနက်ကွန်နက်ရှင်မြန်တဲ့ နိုင်ငံတွေနဲ့ယှဉ်ရင် ကျမတို့ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေလည်း သိတယ်ဆိုတဲ့အတွက် ညီမ ၀မ်းသာပီတိ ဖြစ်မိပါတယ်။
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1