Tuesday, October 9, 2012

သန်းပေါင်း(၁)ထောင်ကျော် မပေးလျှင် တရားစွဲခံရမည့် အေးရှားဝေါလ်ကုမ္ပဏီ

Ever November | 10/09/2012 07:24:00 PM | Best Blogger Tips

အေးရှားဝေါကုမ္ပဏီမှကျန်ငွေသန်း(၁)ထောင်ကျော်ကို(၃)လအတွင်းမပေးပါကတိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်တာ(၁၀)ဦးက တရားစွဲဆိုမည်ဖြစ်သည်။
 
တိုင်းရင်းသားလုပ်ငန်းရှင်ငယ်ကန်ထရိုက်တာ(၁၀)ဦးမှာ အေးရှားဝေါလ်အား(၃)လအတွင်းပေးရန်ရှိသည့် 
 ငွေအကုန်မပေးဆောင်ပါက တရားစွဲဆိုမည်ဖြစ်ကြောင်း (၈၈)မျိုးဆက် ကျောင်းသား ကိုယ်စားလှယ်များနှင့် မီဒီယာများအားတွေ့ဆုံခဲ့သည့် အောက်တိုဘာလ (၉)ရက်နေ့ စီးတီးစတားဟိုတယ်သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
 
  သုံးလစောင့်မယ်၊သုံးလအတွင်းမှမပေးရင်တရားဥပဒေအရတရားစွဲသွားမှာပါဟုတိုင်းရင်းသားလုပ်ငန်း
ရှင်ငယ် ကန်ထရိုက်တာ ဦးအောင်မျိုးရှိန်က ပြောသည်။
 
 အေးရှားဝေါကုမ္ပဏီသည်အသေးစားလုပ်ငန်းရှင်များအား နေပြည်တော်၊ပုဗ္ဗသီရိ၊တောင်ညို၊ကင်းသာ၊မုံ
ရွာနှင့်အခြားမြို့နယ်များတွင်အခြေခံလိုအပ်ချက်အဆောက်အအုံဖြစ်သည့်စာသင် ကျောင်းများ၊ဆေးရုံဆေး
ခန်းများနှင့်ဝန်ကြီးအိမ်ရာများအားသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း 
 အေးရှားဝေါလ်ကုမ္ပဏီအား အပ်နှံခဲ့ကြောင်းသိရှိရသည်။
 
 အေးရှားဝေါကုမ္ပဏီစာချုပ်ပါသဘောတူညီချက်မှာလုပ်ငန်းအပ်နှံပြီး(၁)လခွဲအကြာတွင်အပြီးအပြတ် ပေး
ချေရန်ဖြစ်သော်လည်း ယခုတိုင် အကျေအလည် မရရှိသဖြင့် စောင့်ဆိုင်းကာလမှာ (၁)နှစ်နှင့်(၇)လအထိ ကြာမြင့်ခဲပြီဖြစ်ကြောင်း တိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်များထံကသိရှိရသည်။
 
 စာချုပ်ချုပ်ထားတာက လုပ်ငန်းအပ်ပြီးလို့ တစ်လခွဲကြာရင် ပိုက်ဆံအပြတ်ချေရမယ်လို့ချုပ်ထားတာ၊ အခုက တစ်နှစ်နှင့်ခုနှစ်လတောင် ကြာနေပြီ၊ ကျွန်တော်တို့လုပ်ငန်းတွေလည်း ရပ်ထားရတယ်ဟု တိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်တာတစ်ဦးဖြစ်သည့် ဦးဝေဖြိုးက ပြောသည်။
 
 အေးရှာဝေါကုမ္ပဏီသည်တိုင်းရင်းသားလုပ်ငန်းရှင်ငယ်ကန်ထရိုက်တာ(၁၀)ဦးအားတစ်နှစ်ထပ်မံစောင့်ခိုင်း
ထားကြောင်းကိုလည်း သိရှိရသည်။
 
  ဒီကိစ္စက အရမ်းအရေးကြီးပါတယ်။နိုင်ငံခြားက စီးပွားရေးလုပ်ငန်းရှင်တွေ ၀င်လာတဲ့ အချိန်မှာ ဒီလိုဖြစ်တာ မကောင်းပါဘူး။ ဒီဘက်က စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက အများကြီးပြင်ဆင်ထားရမယ်။ အဓိကကတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရော အသေးတွေရော စီးပွားရေးအကြံပေးရှေ့နေ ငှားရမယ်၊ စာချုပ်ချုပ်တဲ့အချိန်မှာ အရမ်းအရေးကြီးတယ်။ အကိုတို့က စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက လုပ်ငန်းရှင်လေးတွေကို ၀ါးမြိုတာကို ခွင့်မလွှတ်ပါဘူး’’ဟု (၈၈)မျိုးဆက်ကျောင်းသား ကိုဂျင်မီကပြောသည်။
 
 အေးရှားဝေါလ်ကုမဏီသည်၂၀၁၁ခုနှစ်ဧပြီလတွင် ပေးချေရမည်ဆိုသော်လည်း(၄၀)ရာခိုင်နှုန်းသာ ပေးချေ
ပြီး၂၀၁၂ခုနှစ်သြဂုတ်လတွင်(၆၀)ရာခိုင်နှုန်းသာ ပေးချေထား ကြောင်းကိုလည်းတိုင်းရင်းသားလုပ်ငန်းရှင်ငယ်
ကန်ထရိုက်တာများက ဆိုသည်။
 
တိုင်းရင်းသားလုပ်ငန်းရှင်ငယ်ကန်ထရိုက်တာ(၁၀)ဦးသည်အထက်ပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ
ရုံးသို့ တိုင်ကြားစာအပေါ် နေပြည်တော်ကောင်စီမှ ဖြေရှင်းရန် ညွှန်ကြား ခဲ့ကြောင်း ထိုညွှန်ကြား ချက်ဆောင်ရွက်ရာတွင်ကန်ထရိုက်တာများကို ခေါ်ယူဆွေးနွေးခြင်းမရှိပဲ အေးရှားဝေါလ်ကုမ္ပဏီမှကိုယ်စား
လှယ်များနှင့်သာ ဆွေးနွေးမေးမြန်းခဲ့သည်ဟု တိုင်းရင်းသား လုပ်ငန်းရှင်ငယ်ကန်ထရိုက်တာ(၁၀)ဦးထံက  သိရသည်။
ငြိမ်းချမ်း(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1