Tuesday, October 9, 2012
စည်းကမ်းမဲ့အငှားယာဉ်များကိုလည်း မထသ ကိုင်တွယ်တော့မည်
Ever November | 10/09/2012 10:06:00 AM | Best Blogger Tips
ရန်ကုန်မြို့တွင်းပြေးဆွဲလျှက်ရှိသော အငှားယာဉ်များ စည်းကမ်ဖောက်ဖျက်နေမှုများနှင့်ပတ်သက်၍ အလျှင်အမြန်အရေး ယူဆောင် ရွက်နိုင်ရန် ကြပ်မတ်သွားမည်ဖြစ်ကြောင်း မထသ(ဗဟို) က သိရသည်။
ရန်ကုန်မြို့တော်တွင် တက္ကစီယာဉ်များပြားလာပြီး ယာဉ်စည်းကမ်းဖောက်ဖျက်မှုကြောင့်  ယာဉ်ကြော ပိတ်ဆို့ခြင်း၊ ကြပ်တည်းခြင်း များကြောင့် စက်တင်ဘာလ (၂၈)ရက်နေ့ နိုင်ငံရေး နှင့် လုံခြုံရေးညှိနှိုင်း အစည်းအဝေးတွင်  ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက  မထသ(ဗဟို) အား တာဝန်ပေး အပ်ထားလိုက်ခြင်း ဖြစ်သည်။
 နိုင်ငံတော်ငြိမ်းဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ၁၉၉၀ ပြည့်နှစ်က ထုတ်ပြန်ထားသည့် ဥပဒေ အမှတ် ၁၁/၉၀ တွင်  ရန်ကုန်မြို့တော်စည်ပင်သာယာရေး၏ တာဝန်များမှာ ယာဉ်နှင့် အနှေးယာဥများသွားလာခြင်း၊ ရပ်နားခြင်းတို့နှင့် စပ်လျှဉ်း၍ စည်းကမ်းများ သတ်မှတ်ပြီးဖြစ်ကြောင်းကိုလည်း သိရသည်။
ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် စီးတီးတက္ကစီယာဉ်များကြီးကြပ်ရေးဌာနအပေါ်မှာ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်း/တံတား ဌာန ဒုတိယဌာနမှူး အင်ဂျင်နီယာဌာန ဦးစိုးမြိုင်က ဆွေး နွေးခဲ့ပြီးဖြစ်ကြောင်းနှင့်  ၎င်းအချက်များအား အခြေခံကာ ပြန်လည်ဖွဲ့စည်းထားသည့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တက္ကစီ စည်းကမ်းထိမ်းသိမ်းရေးနှင့်ပတ်သက်၍ မထသ (ဗဟို) မှလည်း ရန်ကုန်တိုင်း ဒေသကြီး ခရိုင်လေးခရိုင်ကို အခြေခံကာ ကြီးကြပ်ရေးကော်မတီ (သို့) အသင်းအားဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။
အခုလိုဖွဲ့စည်းတဲ့အခါမှာ ခရိုင်တက္ကစီယာဉ်ကြီးကြပ်ရေးအဖွဲ့တွေဖြစ်တဲ့ စည်ပင်သာယာရေးအဖွဲ့ တွေက လုပ်နေတဲ့တာဝန်တွေကို လွှဲပေးနိုင်မလား။ ငွေကြေးကောက်ခံမှုတွေပါသလို ဆောင်ရွက် ရမယ့် လုပ်ငန်း တွေပါတယ်။ စည်ပင်သာယာရေးဥပဒေ နဲ့လုပ်  ထားတာကို ကျွန်တော်တို့က ကျော်လွှား ပြီး လုပ်ရမှာဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အမိန့်ကို နာခံရမှာဖြစ်ပါတယ်။ဟု မထသ (ဗဟို) ဥက္ကဌမှ ဦးလှအောင်က ပြောသည်။
၎င်းတို့အနေဖြင့် ပြဿနာများကို ဖြေရှင်းနိုင်ရန် အချိန်ယူရမည်ဖြစ်ပြီး ချက်ချင်းဖွဲ့စည်းမည်ဆိုပါက မထသ (ဗဟို) အနေဖြင့်  အားနည်းချက်များ များရှိနိုင်ကြောင်းကိုလည်း ၄င်းက ဆိုသည်။
ဥပမာ အရှေ့ပိုင်းခရိုင်က သတ်မှတ်ပေးထားသည့်ယာဉ်သည် မူလပိုင်ရှင်ကအရှေ့ပိုင်းကဖြစ်ပြီး တောင်ပိုင်းခရိုင်မှာ ယာဉ်ကရောက်နေပြီး ယာဉ်တွေက၀ယ်ယူပြီးတော့ပြောင်းလဲခြင်းမလုပ်ကြဘူး။ အဲ့လိုပြသာနာတွေကို   ဖြေရှင်းဖို့ကလဲ ကျွန်တော်တို့အချိန်ယူရမှာဖြစ်ပါတယ်။ ချက်ချင်းဖွဲ့စည်းဖို့ အတွက်ကတော့ ဖွဲ့လို့တော့ ရတယ်။ဟု မထသ (ဗဟို) ဥက္ကဌ ဦးလှအောင်က ဆက်ပြောသည်။
ထို့ပြင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီကိုလည်း မြို့နယ်အဆင့်ထိ ဖွဲ့စည်း သွားရန် စည်ပင်သာယာရေးကော်မတီမှ လျာထားပြီးဖြစ်သည်။
တက္ကစီယာဉ်များမှတ်ပုံတင်ရန် တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာန တိုင်းပို့ဆောင်ရေး စီမံကိန်းဦးစီး ဌာနတွင် လုပ်ငန်းလိုင်စင် များရယူရပြီး တိုင်းအဆင့် ယာဉ်စည်း ကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု အဖွဲ့များ ခရိုင်တက္ကစီအဌားယာဉ်များ ကြီးကြပ်ရေးအဖွဲ့ထံ မှတ်ပုံတင်ရခြင်း ဖြစ်သည်။
အရှေ့ပိုင်းခရိုင်တွင် မှတ်ပုံတင်ရန် (၁၃၄၈၁) စီးရှိရာတွင် (၆၈၅၆) စီးမှတ်ပုံတင်ပြီးစီးသွားပြီးကြောင်း၊ အနောက်ပိုင်းခရိုင်တွင် (၈၂၁၂) စီး၌ (၃၁၈၁) ပြီးစီးသွားပြီးကြောင်း၊ တောင်ပိုင်းခရိုင်တွင် ၄၁ စီးမှတ်ပုံတင်ပြီးစီးသွားပြီး (၆၁၂) စီးမှတ်ပုံတင်ကျန်ရှိကြောင်းနှင့် မြောက်ပိုင်းခရိုင်တွင် (၁၀၆၀) စီးမှတ်ပုံတင်ပြီးစီးသွားပြီး (၁၂၆၅) စီး ကျန်ရှိနေသေးကြောင်း စည်ပင်သာယာဋ္ဌနက သိရသည်။
ထက်အောင်ခန့် (မြစ်မခ)
No comments:
England - Premier League
Italy - Serie A
Spain - Primera Division
Germany - Bundesliga
France - Ligue 1