Monday, October 22, 2012

ခိုင်သင်းကြည်ရဲ့ ‘စုန်းပြူး’ဇာတ်ကား ရိုက်ကွင်းအမှတ်တရ

Ever November | 10/22/2012 11:22:00 AM | Best Blogger Tips

ခိုင်သင်းကြည်က ‘စုန်းပြူး’ ရုပ်ရှင် ဇာတ်ကားကြီးကို နေတိုးနဲ့ ပြင်ဦးလွင်မှာ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သွားရောက် ရိုက်ကူးရင်း အမှတ်တရတွေ ကိုလည်း ”ဒီကားက ဇာတ်လမ်းလည်း ကောင်းတယ်။ ရိုက် ချက်တွေ ၊ကင်မရာတွေ၊ စက်ပိုင်းဆိုင်ရာ၊ ရှုခင်းတွေက ကောင်းတော့ တော်တော်လေးကောင်းတဲ့ ဇာတ်ကား ပါ။ ပရိသတ်တွေ ကြိုက်ကြမယ့်ကားပါ။ဒရာမာ ဆိုပေမယ့် တအားကြီးငိုရတဲ့ ဒရာမာအစစ်လည်း မဟုတ်ဘူး။ ဟာသ လည်း မဟုတ်ဘူး။ အဲဒီကားရိုက်တုန်းက မခိုင်လေး နဲ့ နေတိုး ဘီအီးဖောရေ တံခွန် အစွန်းလေးမှာ အလှရိုက်တာဆိုတော့ ကရိန်းနဲ့ ရိုက်တာ၊ အစွန်း ဆုံးလေး မှာရပ်နေရတာ၊ တောင်အောက်မှာက အောက်ကနေ မှန်ထိုးပေး တဲ့သူလည်း ရှိတယ်။ ရေသံနဲ့ဆိုတော့ သူပြောတာကိုမကြားရဘူးဖြစ်နေတာ။ သူက မခိုင်လေးရေ တက်လာပြီပြေးဆိုတော့ ရေတံခွန်က ရေတံခွန် က ရေ တက်လာစရာ မရှိပါဘူး ဆိုပြီး ကြည့်လိုက်တော့ မြွေတက်လာပြီး တောင်ကြား ထဲ ဝင်သွားတာ။ လန့်ပြီးအော်ပြေး ကြတာလေးက အမှတ်တရပါပဲ” လို့ ပြောပြပါတယ်။

‘စုန်းပြူး’ဇာတ်ကားကို ရုပ်ရှင် ဇာတ်ကား ကြီး အနေနဲ့ ကျေနပ်အားရ ခဲ့တယ် ဆိုတဲ့ ခိုင်သင်းကြည်က ဒီဇာတ်ကားကြီးနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကိုလည်း ”ဗီဒီယို ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကားကြီးပဲဖြစ်ဖြစ် ဇာတ်လမ်းထဲမှာ သေသေချာချာ စိတ်နှစ်ပြီး သရုပ်ဆောင်ပါတယ်။ ဒီကားထဲမှာလည်း သေသေချာချာ လုပ်ထား တယ်။ အားလုံးက လည်းကောင်းတယ်။ မျှော်လင့်ချက် ဆိုပြီး မထားတာ ပဲေ ကာင်း ပါတယ်။ ဒီကားထွက်လာလို့ ပရိသတ်ကြိုက်သွားတယ် ဆိုရင်ပဲ ကျေ နပ်ပါတယ်။ ကျန်တာကတော့ ကံပါပဲ။ ကံစီမံရာပေါ့။ ကံ၊ ဥာဏ်၊ ဝီရိယ ဆိုတာ ရှိတယ်။ ကံဆိုတာ အရှေ့ဆုံးကလာတာ၊ ဥာဏ် ဘယ်လောက် အား စိုက်စိုက် ကံမရှိရင်မရဘူး”လို့ ခိုင်သင်းကြည် က ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1