Monday, October 22, 2012

မန်ယူသို့ နည်းပြ အဖွဲ့ဝင် တစ်ဦးအဖြစ် ပြန်ရောက်လာသည့် ဘတ်

Ever November | 10/22/2012 04:37:00 PM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း နစ်ကီဘတ်သည် အသင်းသို့ နည်းပြ အဖွဲ့ဝင် တစ်ဦး အနေဖြင့် ပြန်ရောက်လာကြောင်း သိရသည်။
အင်္ဂလန် လက်ရွေးစင်ဟောင်း ဘတ်သည် အိုးလ်ထရက်ဖို့ဒ်တွင် (၁၂)ရာသီကြာ ကစားခဲ့ပြီး မန်ယူအတွက် ပွဲပေါင်း (၃၀၀)ကျော် ကိုယ်စားပြုခဲ့သည်။ ဒေးဗစ်ဘက်ဟမ်း၊ ပေါလ်စခိုးလ်၊ ဂယ်ရီနဗီးလ်၊ ရိုင်ယန်ဂစ်တို့နှင့် ခေတ်ပြိုင် မန်ယူ၏ ရွှေရောင်မျိုးဆက် စာရင်းတွင် ပါဝင်ခဲ့သော်လည်း ဘတ်သည် အသင်းခေါင်းဆောင် ရွိုင်ကိန်း၏ ခေတ်တွင် အသင်း၏ ပထမ တန်းစား ကြယ်ပွင့် အဆင့်ထိ တက်လှမ်းခွင့် မရခဲ့ချေ။ သို့သော်လည်း အသက်(၃၇)နှစ် ရှိပြီဖြစ်သော ဘတ်သည် (၂၀၀၄)ခုနှစ်က ၎င်းစွန့်ခွာ သွားရာ ငယ်မွေးခြံပေါက် ကလပ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ဘတ်သည် ထိုစဉ်က နယူးကာဆယ်လ် ယူနိုက်တက်သို့ ပြောင်းရွှေ့သွားခြင်းဖြစ်ပြီး (၂၀၁၁)ခုနှစ်က ၎င်း၏ ကစားသမား ဘဝကို တရုတ်စူပါလိဂ်တွင် အဆုံးသတ်ခဲ့သည်။ ဘတ်သည် မန်ယူ အရန်အသင်း မန်နေဂျာ ဝါရန်ဂျွိုက်စ်အတွက် နည်းပြတာဝန်ကို ထမ်းဆောင်ပေးသွားမည် ဖြစ်သည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က "ဘတ်ဟာ အရန်အသင်းနဲ့အတူ ရှိပါလိမ့်မယ်။ သူဟာ ကျွန်တော်တို့ အရန်အသင်း ကစားသမားတွေ အတွက် အတွေ့အကြုံကောင်းတွေ မျှဝေပေးမယ့် သူပါ။ ပြီးတော့ မန်နေဂျာ ဘဝကို တက်လှမ်းဖို့ အတွက် သူ့ရဲ့ သင်ယူမှုကို စတင်ပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။
ဖာဂူဆန်က "လက်ရှိ အခြေအနေမှာတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်က နည်းနည်းပဲ ရှိဦးမှာပါ။ ဒါပေမဲ့ တဖြည်းဖြည်းချင်း လေ့ကျင့်ရေး ကွင်းရဲ့ စီမံရေးရာပိုင်းမှာ အသား ကျလာရင် ပိုပြီး အားကိုးရမှာ ဖြစ်ပါတယ်။ ဘတ်လိုမျိုး မန်ယူကို အကောင်းဆုံး အလုပ်အကျွေး ပြုခဲ့သူ တစ်ယောက် အသင်းကို ပြန်ရောက်လာတာကတော့ တကယ့်ကို ပျော်စရာပါပဲ" ဟုလည်း ထုတ်ဖော် ပြောဆိုသွားသည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1