Monday, October 22, 2012

တန်ဖိုးနည်းဖုန်းများ ဘယ်လောက်တန်ဖိုးနည်းနည်း ချထားပေးမည်လဲဟု Messenger Journal မှ မေးမြန်းချက်

Ever November | 10/22/2012 08:54:00 PM | Best Blogger Tips

အဲတော့ တန်ဖိုးနည်း ဖုန်းတွေ ကျွန်တော်ရဲ့ဆန္ဒ  ပြောရမယ်ဆိုရင်တော့ တန်ဖိုးနည်းတင် မဟုတ်ဘူး အလကားတောင် ကျွန်တော်တို့က ပေးချင်တယ်။ အလကားကို သုံးစေချင်ပါတယ်။ သို့သော်လည်း ဒီ အလကားပေးနိုင်တဲ့ အဆင့်က ကျွန်တော်တို့က မရောက်သေးဘူး ပေါ့နော်။ တဖြည်းဖြည်းတော့ ခုနကလို သက်သာတဲ့နှုန်းထားတွေ ဖြစ်လာမှာပါ။ ကျွန်တော်ပထမ ပြောတဲ့အထဲမှာ ပါပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတောင် လယ်သမား တစ်ယောက်က ခါးမှာဖုန်းချိတ်ပြီးတော့ သူက ပြောနေတာမျိုး အဆင့်မျိုး ရောက်နေပါပြီ။ ကျွန်တော်တို့ရဲ့ တယ်လီဖုန်း Density က ကျွန်တော် ထင်တယ် 7 % လောက်ပဲ ရှိမယ်ထင်တယ်။ တော်တော်လေးကို နည်းပါတယ်။ ဒီအတွက်လည်း ကျွန်တော် တို့ ဒါဂုဏ်သိက္ခာကို ထိခိုက်တဲ့ အတွက်ကြောင့် ဒါလည်း ကြိုးစားပြီးတော့ မြှင့်တင်နေ ပါတယ်။ အဲတော့ ခုနကလို ကျွန်တော်တို့ တယ်လီဖုန်းအိမ်တစ်လုံးကို ဆိုင်ကနေ သွားဝယ်ရင် ကဒ်ကို ဝယ်ထည့်ပြီးတော့ ဒီတိုင်းပြောလို့မရပါဘူး။ Station တွေ Gateway တွေ ကျွန်တော်တို့ဆောက်ရပါမယ်။ဒါတွေဟာကျွန်တော်တို့တယ်လီဖုန်းကို ချဲ့ထွင် တာနဲ့ အမျှခုနကလို ပိုပြီးတော့ လုပ်ရကိုင်ရတာတွေ ရှိပါတယ်။ အဲတော့ ဒါတွေ ပြီးသွားလို့ရှိရင် နောက်ထပ် ထပ်ပြီးတော့ ဆောက်စရာ မလိုဘူးဆိုရင်တော့ တယ်လီဖုန်းက ဘာပဲဖြစ်ဖြစ် အလိုလို သူက ဈေးကျသွားမှာ။ အဲတော့ အစိုးရအနေနဲ့က တယ်လီဖုန်း များများပြောလေ ကျွန်တော်တို့က ကြိုက်လေ။ တစ်လုံးတည်းတင်မကဘူး ခါးမှာ ခြောက်လုံးလောက် ချိတ်ပြီးတော့ နေ့တိုင်းတယ်လီဖုန်း ပြောနေရင် ပြောသမျှ သူပိုက်ဆံ ရနေမှာ။ အစိုးရပိုက်ဆံ ရနေမှာနော်။ အစိုးရရဲ့ သဘောထားက ဒီလိုရှိပါတယ်။ အဲတော့ တဖြည်းဖြည်းနဲ့ သက်သာအောင် ကြိုးစားပြီးတော့ ဒါ ကျွန်တော်တို့ လုပ်နေပါတယ်။
by Hmuu Zaw  (Facebook)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1