Monday, October 22, 2012

နိပွန်TV သတင်းဌာန၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်

Ever November | 10/22/2012 09:02:00 PM | Best Blogger Tips
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် နောက်ပိုင်း တရားမဝင် ခိုးဝင်လာသူများနှင့် ပတ်သက်ပြီး Nippon Television သတင်းထောက်တစ်ဦးမှ မေးမြန်းချက်။
၁၉၈၂ ခုနှစ် ဥပဒေက အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ဒီသင်ခန်းစာတွေ ရယူပြီးတော့မှ အကောင်းဆုံးရေးဆွဲထားတဲ့ ဥပဒေတစ်ခုလို့ ဒီကနေ့ တော့ ဒီလိုပဲ သတ်မှတ်ထားတယ် အဲ့တော့ ဟိုတုန်းက ၄၈ခုနှစ်မတိုင်ခင် ၀င်လာတဲ့သူတွေ ဒါကတော့ အကြောင်းကြောင်းတွေ သူကရှိပါတယ်၊ အဲ့တုန်းက ခုနကလို အင်္ဂလိပ်တွေ ခေါ်လာတာလည်းရှိတယ်၊ဒီမှာလာပြီးတော့ လယ်ယာ လုပ်ကိုင်ကြ၊ပြုကြ ဟိုတုန်း ကတော့ စပါးတွေဘာတွေ ရိတ်ပြီးပြန်ပေါ့ နောက်ပိုင်းကျတော့ စပါးတွေရိတ်ပြီး မပြန်တော့ဘဲ ဒီမှာ အခြေချ နေထိုင်ကြတဲ့သူတွေလည်း ရှိပါတယ်၊၊ အဲ့တော့ ဒီလူတွေကနေ ပေါက်ဖွားလာတဲ့ သူတွေ တတိယမျိုးဆက်ပေါ့ Third Generation ကျရင်တော့ ဥပဒေအရပေါ့ နိုင်ငံသား အဖြစ်ပေါ့ နိုင်ငံသားအဖြစ်နဲ့ ခုနကလိုဥပဒေမှာ ပြဌာန်းထားတာရှိတယ်။

လက်ရှိအတိုင်း ကတော့ ဒီဥပဒေအတိုင်းပဲ သွားနေတာပဲ။ အကယ်၍ ပြင်မယ်၊ ပြုမယ်ဆိုရင်တော့ ဒါဘာနဲ့ ဆိုင်မလဲဆိုတော့ သူကလွှတ်တော်နဲ့ သွားဆိုင်တယ်။ လွှတ်တော်ကသူက ပြင်ဖို့လိုအပ် တယ်ဆိုရင် လွှတ်တော်ကဆုံးဖြတ်ပြီး သူကပြင်ပေးသွားမှာ ဖြစ်ပါတယ်၊ နောက်တစ်ခုက ဒီမှာလည်း ခုနကလို ပြည်ပကခိုးဝင်လာတဲ့သူတွေ ဒီအပိုင်းကတော့ ကျွန်တော်တို့        စိစိစစ်စစ်နဲ့ လုပ်ရမှာဖြစ်ပါတယ်။ဒါနဲ့ ပတ်သတ်ပြီးတော့လည်း လ.၀.က ကလည်း အောက်ခြေကနေပြီးတော့ စာရင်းတွေကောက်တာ ပြုတာတွေရှိပါတယ်။

နောက်တစ်ခုက လည်း ခုနကလို သန်းခေါင်စာရင်းတွေက အန်ကယ်တို့ ကောက်ဖို့၊ ပြုဖို့ကို အစပျိုးပြီး လုပ်နေပါတယ်။ ဘယ်သူတွေက ခုနကလို နောက်ပိုင်းမှာ ခိုးဝင်လာနေသလဲ၊ဘယ် လောက်ရှိသလဲ၊ အဲ့တော့ ဒါတွေကို အပြည်ပြည်ဆိုင်ရာကနေ လက်ခံလာအောင် ဘယ်လို လုပ်မလဲ၊ ဒါတွေကတော့ ရှေ့ဆက်ပြီးတော့ စဉ်းစားပြီးတော့ လုပ်သွားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒီဟာတွေက တိတိကျကျတော့ မဟုတ်ပါဘူး။ ဘာမှခုနကလို လ.၀.က ကလည်း ကောက်ပြုပြီးတော့မှ တိတိကျကျ သူကပြောတာ၊ ပြုတာမရှိသေးပါဘူး။ သန်းခေါင်စာရင်းကောက်လိုက်၊ ပြုလိုက်ရင်တော့ ဒါတွေက ခုနကလို တိတိကျကျနဲ့ ပေါ်လာမှာဖြစ်ပါတယ်၊

အန်ကယ်တို့နိုင်ငံတင် မဟုတ်ပါဘူး၊ တခြားနိုင်ငံတွေလည်း ရှိပါတယ်၊ ရှိတော့ အပြည်ပြည်ဆိုင်ရာရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အန်ကယ်တို့က ခုနကလို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ရှေ့ဆက်ပြီး တော့ ဘယ်လိုလုပ်မယ်ဆိုတာတော့ အန်ကယ်တို့မှာ အဆုံးအဖြတ် ဘာညာ လောလောဆယ် တော့ ပေးလို့ မရသေးပါဘူး။
by Hmuu Zaw (Facebook)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1