Thursday, January 3, 2013
ပေကျင်းနှင့် ရှန်ဟိုင်းတွင် ဗီဇာမဲ့ နေထိုင်ခွင့် မူဝါဒချမှတ်
Ever November | 1/03/2013 01:04:00 PM |
နိုင်ငံတကာသတင်း
တရုတ်နိုင်ငံ ပေကျင်းနှင့် ရှန်ဟိုင်းမြို့များတွင် နိုင်ငံ ၄၅ နိုင်ငံမှ လာရောက်လည်ပတ်သော ခရီးသွားများကို ဗီဇာမဲ့ ၇၂ နာရီကြာ နေထိုင်ခွင့် မူဝါဒကို ခွင့်ပြုကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။ ပေကျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ရောက်လာသော တရုတ်သြစတြေးလျ ကပြားတစ်ဦးမှာ ထိုမူဝါဒအတိုင်း ဗီဇာမဲ့ ပထမဦးဆုံး နေထိုင်သူဖြစ်ခဲ့သည်။ ထိုသူက သူ၏ လေယာဉ်လက်မှတ် ဖြတ်ချိန်တွင် ပေကျင်းနှင့် ရှန်ဟိုင်းတို့တွင် ချမှတ်လိုက်သည့် ထိုမူဝါဒကို သိရှိ၍ အီတလီနိုင်ငံ ရောမသို့ မသွားမီပေကျင်းတွင် နှစ်ရက်ကြာ နေထိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုမူဝါဒ ချမှတ်ခြင်းသည် ခရီးတစ်ထောက် ဝင်ရောက်နားကာ တခြားသို့ ခရီးဆက်မည့် ခရီးသွားများကို ပိုမို ဆွဲဆောင်နိုင်ရန်အတွက် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment